hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: မြန်မာ့သတင်းများ Mon Apr 26, 2010 2:49 pm | |
| ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာ့ စီးပွားရေး ဘဏ်များ၏ ဘဏ်စာရင်း လက်ကျန်ငွေကို ၁၀၀၀၀ ကျပ်အဖြစ် သတ်မှတ်ပြီး ကျပ် ၁၀၀၀၀ အောက်ကို အတိုး မပေးတော့ကြောင်း သိရ Monday, April 26, 2010 8:00 PM
၂၀၁၀ ပြည့်နှစ် ဧပြီလ (၁) ရက်မှစ၍ မြန်မာ့ စီးပွားရေးဘဏ်များရှိ ဘဏ်စာရင်း လက်ကျန်ငွေကို ကျပ် ၁၀၀၀၀ အဖြစ်သတ်မှတ် လိုက်ကြောင်း သိရသည်။ မူလက ဘဏ်စာရင်း လက်ကျန်ငွေကို ကျပ် ၁၀၀၀ ဟုသာ သတ်မှတ်ထားရာမှ ၂၀၁၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့မှစ၍ ယခုကဲ့သို့ ကျပ် ၁၀၀၀၀ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ “ ကျွန်မတို့ဆီမှာတော့ ဒီလိုသတ်မှတ်ချက် မရှိသေးပါဘူး။ အရင်က သတ်မှတ်ထားတဲ့ အတိုင်း ဘဏ်စာရင်း လက်ကျန်ငွေကို အနည်းဆုံး ရာဂဏန်းဖြစ်စေ၊ ဒါမှမဟုတ် ကျပ် ၁၀၀၀ ထားရှိရင် ရပါတယ်” ဟု ရိုးမ ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ ဘဏ်စာရင်းစာအုပ် ပြုလုပ်ရာတွင်လည်း တစ်ဦးတည်း ငွေစာရင်း တစ်ခုနှစ် တွဲဖက်ငွေစာရင်း တစ်ခု၊ စုစုပေါင်းငွေစာရင်း နှစ်ခုထက် ပိုမိုအပ်နှံထားသော ငွေစာရင်းများအား အတိုးငွေ ထုတ်ပေးမည် မဟုတ်ကြောင်း သိရှိရသည်။ ထို့ပြင်ဘဏ်စာရင်း စာအုပ်၌ နှစ်နှစ်အတွင်း ငွေသွင်းငွေထုတ် ပြုလုပ်ခြင်း မရှိပါက ၂၀၀၉/ ၂၀၁၀ ဘဏ္ဍာရေးနှစ် မှစ၍ စာရင်း သေ အပ်ငွေအဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ့ စီးပွားရေးဘဏ်ရှိ ငွေစုဘဏ်စာရင်းတွင် လက်ကျန်ငွေ ကျပ်ငွေ တစ်သောင်း အောက်ကို ၂၀၁၀ ၊ ဧပြီလ ၁ ရက်မှစ၍ အတိုးမပေးတော့ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စုံစမ်းသိရှိရသည်။ ငွေစုဘဏ်စာရင်း၏ အနည်းဆုံး ကျန်ငွေကိုလည်း ဧပြီလ ၁ ရက်နေ့မှစ၍ အနည်းဆုံးကျန်ငွေ တစ်သောင်း ထားရှိရန် သတ်မှတ်လိုက်ကြောင်းလည်း ထုတ်ပြန် ချက်များအရ သိရှိရသည်။ “ ငွေစုဘဏ်စာရင်းမှာ အနည်းဆုံး ကျန်ငွေကို ကျပ်တစ်သောင်းထားရှိဖို့ ၂၀၁၀၊ ဧပြီလ ၁ ရက်နေ့က စပြီး သတ်မှတ် လိုက်ပါတယ်၊ အဲဒီလက်ကျန်ငွေ ကျပ်တစ်သောင်းအောက်ကိုလည်း အတိုး လုံးဝ မပေးတော့ပါဘူး၊ ကျပ်တစ်သောင်းအောက် စာရင်းများကို လည်း မတ်လ ၃၁ ရက်နေ့ကစပြီး စာရင်းသေစာရင်းကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာ့ စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့စီးပွားရေးဘဏ်တွင် လူတစ်ဦးလျှင် တစ်ဦးချင်း စာရင်းတစ်ခုနှင့် တွဲဖက်စာရင်းတစ်ခုသာ ဖွင့်လှစ်ရန်နှင့် သတ်မှတ် စာရင်း ဦးရေထက် ပိုမိုသည့် စာရင်းများအား ဧပြီလ ၁ ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်း ၂၀၁၀ ခုနှစ် ဧပြီ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။ " |
|
hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: မြန်မာ့သတင်းများ Mon Apr 26, 2010 2:50 pm | |
| နှစ်စဉ် အပူဆုံးဖြစ်သည့် ဧပြီလအတွင်း အပူဒဏ်ကို ရက်ဆက် ခံစားလာရ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်း ဒေသများ၌ မိုးခေါင်ခြင်းကို ကြုံတွေ့ရဖွယ် ရှိနေ Monday, April 26, 2010 8:00 PM
လက်ရှိကာလတွင် မြန်မာနိုင်ငံဒေသ အချို့တွင်သာ မိုးကြိုမိုးရွာသွန်းမှု ရှိနေပြီး ဒေသအများစု၌ မိုးကြိုမိုးရွာသွန်းခြင်း မရှိသေးကြောင်း၊ အပူချိန် ထူးခြားစွာ မြင့်တက်ခြင်း မရှိသော်လည်း ရက်ဆက် ပူပြင်းနေသည့်အတွက် အပူဒဏ်ကို တွေ့ကြုံခံစားနေရကြောင်း သတင်းရရှိသည်။ မြန်မာ နိုင်ငံ တွင် နှစ်စဉ်နွေရာသီသည် မတ်လဆန်းတွင် စတင်လေ့ရှိပြီး အပူဆုံးကာလသည် ဧပြီလဖြစ်ကာ မေလလယ် ၀န်းကျင်အထိ အပူချိန် မြင့်မားမှုကို ခံစားရလေ့ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံတွင် ယခင်နှစ်များက မိုးကြိုကာလ ၀င်ရောက်သည်နှင့် မိုးကြိုမိုးများ ရွာသွန်းတတ် ကာ အဆိုပါ မိုးကြိုမိုးများကြောင့် အပူဆုံးဖြစ်သည့် ကာလများအတွင်း အပူဒဏ်ကို ရက်စက်ဆက်ခံစားရခြင်း မရှိခဲ့ကြောင်း သိရသည်။ လတ်တလော ရာသီဥတု အနေအထားတွင်မူ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင်သာ မိုးရွာသွန်းမှု ပုံမှန်ရှိနေပြီး အခြားဒေသများတွင် မိုးရွာသွန်းမှုကို ကြုံတွေ့ရခြင်း မရှိသလောက်ပင် ဖြစ်ကြောင်းသိရသည်။ “အယ်လ်နီညိုရဲ့ သဘောသဘာဝကို တွေ့နေရတာ ဖြစ်ပါတယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် မိုးခေါင်နိုင်တယ်။ မိုးခေါင်တာကို ဇွန်၊ ဇူလိုင်လတွေအထိ ကြုံနိုင်တယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ တွေမှာ ကြုံနိုင်တယ်။ အောက်ပိုင်းဒေသတွေမှာလည်း ကြုံရဖို့ အလားအလာများပါတယ်” ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားခဲ့ပါသည်။ ဧပြီ၊ မေလများသည် နောက်တစ်ကြိမ်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ခြင်းရှိ၊ မရှိကို ကောက်ချက်ချရန် အချိန် စောနေသေးကြောင်း၊ နောက်တစ်နှစ် အယ်လ်နီညိုထပ်ဖြစ်ရန် အလားအလာ နည်းပါးသော်လည်း ယခုရှိနေသည့် အယ်လ်နီညို အရှိန် သည် လာမည့် သြဂုတ်လအထိ တည်ရှိနိုင်ကြောင်း နိုင်ငံတကာမှ ပညာရှင်များက သုံးသပ်ထားကြသည်။ “မတ်လ ကုန်လောက်မှာတော့ တစ်နိုင်ငံလုံး အပူမြင့်လာတယ်။ မြောက်ပိုင်းကတော့ မိုးမပြတ်တဲ့အတွက် အောက်ပိုင်းဒေသတွေလောက် မပူပါဘူး” ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။ အကယ်၍ ယခုနှစ်တွင် မိုးခေါင်မှုကို ကြုံတွေ့ရပါက စိုက်ပျိုးရေးလုပ်ငန်းများတွင် သက်ရောက်မှုများ ကြုံတွေ့နိုင်ခြင်း၊ ဒေသ အများ စုတွင် ရေနည်းပါးသည့်အတွက် သောက်ရေ၊ သုံးရေ ရှားပါးမှုကို ကြုံတွေ့နိုင်ခြင်း စသည့်တို့ကို ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ မြောက်ပိုင်း ရေဝေရေလဲ ဒေသများတွင် မိုးရွာသွန်းမှု ကောင်းမွန်ပါက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေ အခြေအနေ အသင့်အတင့် ကောင်းမွန် နိုင်သော်လည်း မိုးခေါင်လျှင်မူ မြစ်များတွင်လည်း မြစ်ရေ နည်းပါးခြင်း၊ မိုးရေကို မှီတည်ရမည့် ဒေသအများစုတွင် ရေအခက်အခဲကို ရင်ဆိုင် ရခြင်း တို့ ကြုံတွေ့နိုင်သည်ဟု သိရှိရသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကဲ့သို့ ဒေသမျိုးတွင် ရေအခက်အခဲကို ပိုမိုရင်ဆိုင်ရနိုင်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
|
hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: မြန်မာ့သတင်းများ Mon Apr 26, 2010 2:51 pm | |
| သွင်းကုန်လုပ်ငန်း အချို့ လိုင်စင်ပါ အချက်အလက်များ မှားယွင်းမူကြောင့် အယ်လ်စီ ဖွင့်ချိန်တွင် အခက်အခဲ ဖြစ်ပေါ် မူ ယခင်ထက် ပိုများ Monday, April 26, 2010 8:00 PM
ပြည်တွင်းဈေးကွက်အတွင်း ကုန်ပစ္စည်းများတွင် သွင်းလျက်ရှိသော သွင်းကုန် လုပ်ငန်းအချို့ သွင်းကုန် လိုင်စင်ပါ အချက်အလက်များ မှားယွင်းမှုကြောင့် အယ်လ်စီ( ငွေလွှဲစာတမ်း) ဖွင့်ချိန်တွင် အခက်အခဲ ဖြစ်ပေါ်မှုများ ယခင်ကထက် ပိုမို များပြားလာကြောင်း ကုန်သွယ်ရေး အ သိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။ ထိုကဲ့သို့ သွင်းကုန် လိုင်စင်ပါ အချက်အလက်များ မှားယွင်းခဲ့သည့် အကြောင်းရင်းထဲတွင် လိုင်စင် ရရှိချိန် တွင် အချက်အလက်များအား မှန်ကန်ခြင်း ရှိမရှိ စစ်ဆေးမှု အားနည်းခဲ့ခြင်း၊ အချက်အလက် ဖြည့်စွက်သူမှ မှားယွင်းစွာ ထည့်သွင်းမိခြင်းတို့ ပါ ဝင်ကြောင်း၊ လုပ်ငန်းများအနေဖြင့် ယင်းမှားယွင်းမှုကို ဖြေရှင်း ဆောင်ရွက်ရာတွင် သွင်းကုန် လိုင်စင်အသစ် လျှောက်ထားခြင်း၊ ပြင်ဆင်ခွင့် လျှောက်ထားခြင်း၊ တစ်ဖက်လုပ်ငန်းသို့ မှားယွင်းမှုကို အသိပေးအကြောင်းကြားပြီး လက်ခံပါက ထိုအခြေအနေအတိုင်း အယ်လ်စီ( ငွေလွှဲစာတမ်း) ဖွင့်ပေးခြင်း စသည့်နည်းတို့ဖြင့် ပြေလည်အောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။ “သွင်းကုန် လိုင်စင်မှာ အချက် အလက် အမှားအများဆုံးက ကုမ္ပဏီ နာမည်၊ ငွေပမာဏ၊ ကုန်ပစ္စည်း ပမာဏ၊ ကုန်ပစ္စည်းအမျိုးအမည်တို့ ဖြစ်ပါတယ်။ စာလုံးတစ်လုံး၊ ဂဏန် တစ်လုံး မှားတာက အစမရပါဘူး။ အယ်လ်စီ ဖွင့်တဲ့အချိန်မှာ ဘဏ်က အကုန်စစ်ဆေးပါတယ်။ မှားသွားရင် အယ်လ်စီ မဖွင့်ပေးပါဘူး။ အချက် အလက်တစ်ခုခု မှားသွားရင် ဖြေရှင်းလို့တော့ရတယ်။ ဒါပေမယ့် ဆုံးရှုံးသွားတဲ့ အချိန်ကိုတော့ ပြန်မရတော့ဘူး။ ကျွန်တော်တို့က တစ်ဖက် ကုမ္ပဏီနဲ့ စာချုပ်စာတမ်းတွေ ရှိတဲ့အတွက် ဒီလိုဖြစ်ရင် ဆုံးရှုံးမှုများတယ်။ ဒါကြောင့် လိုင်စင်ရတဲ့ အချိန်မှာ သေသေချာချာ စစ်ဆေးဖို့ ဝန်ထမ်း တွေကို သေချာမှာထားရပါတယ်” ဟု သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပါသည်။ အဆိုပါ မှားယွင်းမှုမျိုး ဖြစ်ပေါ်ပါက တစ်ဖက်ကုမ္ပဏီသို့ ညှိနှိုင်း ဖြေရှင်းခြင်းထက် လိုင်စင်အသစ် ပြန်လည်လျှောက်ထားရသည့် အနေအထားမှာ ပိုမိုများပြားကြောင်းနှင့် လက်ရှိ လုပ်ငန်း ဆောင်ရွက် နေသော အယ်လ်စီဖွင့်ရက် ကြာမြင့်ချိန်မှာ ခုနစ်ရက်ဝန်းကျင်ရှိပြီး သွင်းကုန် လိုင်စင်ရရှိရန် ကြာမြင့်ချိန်မှာ ကုန်ပစ္စည်း အမျိုးအစား၊ ပမာဏ ပေါ် မူတည်ကာ ခုနစ်ရက်မှ ၂၁ ရက်ထိရှိကြောင်း သွင်းကုန် တင်သွင်းသူများထံမှ သိရှိရသည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး မူဝါဒများအရ ပို့ကုန် ငွေပေးချေမှု နည်းလမ်းကို ပို့ကုန်ကြိုတင်လွှဲပို့ ငွေစနစ်(TT)နှင့် ပို့ကုန်ငွေလွှဲ စာတမ်းစနစ်( LC)တို့ဖြင့် ငွေပေးချေခွင့် ပြုထားပြီး သွင်းကုန် ငွေ ပေးချေမှု နည်းလမ်းကို သွင်းကုန် ငွေလွှဲ စာတမ်းစနစ် (LC) တစ်ခုတည်းဖြင့်သာ ခွင့်ပြုထားကြောင်း၊ အယ်လ်စီ ဖွင့်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် လျှောက်ထားရန်လိုအပ်ပြီး လျှောက်လွှာ၊ ဘဏ်မှရောင်းချသော ပုံစံစာရွက်၊ ပို့ကုန် ရငွေ ဖြစ်ကြောင်း ဝန်ခံ ကတိပြုစာ၊ ပို့ကုန် Credit ရှင်းတမ်း၊ လိုင်စင်ရှင်းတမ်း၊ ပို့ကုန် Credit မူရင်း၊ လိုင်စင်မူရင်း၊ နှစ်ဖက်ကုမ္ပဏီတို့၏ ကုန်သွယ်ရေးသဘောတူညီမှု အထောက်အထားများ၊ ထုတ်ကုန်သွင်းကုန်လက်မှတ်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုန်သွယ်ရေး အသင်းဝင် လက်မှတ်၊ ဘဏ်စာအုပ် မိတ္တူစသည့် အထောက်အထားများ တင်ပြရန် လိုအပ်ကြောင်း ၂၀၁၀ ခုနှစ်ဧပြီ ၂၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါ သည်။ " |
|
hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: မြန်မာ့သတင်းများ Tue Apr 27, 2010 12:19 am | |
| ပါတီတည်ထောင်ခွင့် လျောက်ထားပြီးသည့် အဖွဲ့များအနက် ငါးဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် စတင်ခွင့်ပြု
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျောက်ထားပြီး သည့် အဖွဲ့များအနက် အဖွဲ့ငါးဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါအဖွဲ့များမှာ ၈၈ မျိုး ဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ တအောင်း(ပလောင်)အမျိုး သားပါတီနှင့် ၀ံသာနု NLD (ပြည် ထောင်စုမြန်မာနိုင်ငံ)တို့ ဖြစ်ကြသည်။
ထို့ကြောင့် အဆိုပါအဖွဲ့များသည် ခွင့်ပြုချက်ရရှိသည့်နေ့ရက် မှစ၍ ရက်ပေါင်း ၃၀ အတွင်း မိမိ တို့တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေး ပါရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျောက်ထားရမည် ဖြစ်ကြောင်း ယခုနှစ် မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများအရ သိရသည်။
ထို့ပြင် နိုင်ငံရေးပါတီ တည် ထောင်လိုကြောင်း လျောက်ထားပြီးသည့် ကျန်အဖွဲ့များကိုလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်း ခွင့်ပြုရန်အတွက် စိစစ်လျက်ရှိကြောင်း သိရသည်။
ယခုနှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ပါတီ အဖြစ် ကျန်ရှိသည့်ပါတီ ၁၀ ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဥပဒေ စတင်ပြဋ္ဌာန်းသည့် နေ့ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျောက်ထားရမည်ဖြစ်ကြောင်းနှင့် မေလ ၆ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်ကြောင်း သိရှိရပါ သည်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ခွင့်ပြုခဲ့သည့်အဖွဲ့များ အဖွဲ့အမည် လျောက်ထားသည့်ရက် ခွင့်ပြုသည့်ရက် ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) မတ်လ ၂၂ ဧပြီလ ၂၂ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် မတ်လ ၂၂ ဧပြီလ ၂၂ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဧပြီလ ၂ ဧပြီလ ၂၃ တအောင်း(ပလောင်)အမျိုးသားပါတီ ဧပြီလ ၈ ဧပြီလ ၂၃ ၀ံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) ဧပြီလ ၉ ဧပြီလ ၂၃ |
|
hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: မြန်မာ့သတင်းများ Tue Apr 27, 2010 12:21 am | |
| လူကုန်ကူးမှုဖြစ်စဉ် အများစု အမျိုးသမီးများက ဦးဆောင် ကျူးလွန် ကြပြီး မျက်နှာသိ ဆွေနီးမျိုးစပ်များကိုပါ သားကောင်အဖြစ် ပစ်မှတ်ထားလာ
လူကုန်ကူးမှု ဖြစ်စဉ်အများစုကို လေ့လာကြည့်ပါက စည်းရုံးခေါ် ဆောင်သူ ဦးဆောင်ကျူးလွန်သူ အများစုမှာ အမျိုးသမီးများ ဖြစ်နေပြီး မျက်နှာသိများ၊ ဆွေမျိုးနီးစပ်များ ကို သားကောင်အဖြစ် ပစ်မှတ်ထားလာကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့ အစည်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် လေ့လာသူများက ဆို ပါသည်။
လူကုန်ကူး ဖြစ်စဉ်အများစု တွင် သားကောင်အဖြစ် ပစ်မှတ်ထားခြင်းခံရသူများမှာ အမျိုးသမီးများသာ ဖြစ်သော်လည်း ကလေးငယ် များအပြင် အမျိုးသားပါ ပါဝင်လာတတ်ကြောင်းလည်း လေ့လာသူတစ်ဦးက ထောက်ပြခဲ့သည်။ ယခင်က နယ်စပ်စည်းတစ်လျောက်ရှိ မြို့များ မှ ၀င်ငွေနည်းပါး မိသားစုဝင်များကို လူကုန်ကူးသူများက ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ လူကုန်ကူးသူများက မိမိနှင့် ဆက်နွှယ်ပတ်သက်သူမျက်နှာသိများ၊ ဆွေမျိုးသား ချင်းများကိုပါ ပစ်မှတ်ထားလာသည့် အတွက် လူကုန်ကူးခံရသူများမှာ မြန်မာနိုင်ငံ နေရာဒေသအသီးသီးမှ ဖြစ်လာကြောင်း သိရသည်။
''လူကုန်ကူးသူတွေရဲ့ ဦးတည်ရာ အဓိကနေရာက တရုတ်နိုင်ငံ ဖြစ်လာတာ တွေ့ရတယ်။ အဲဒီတော့မြန်မာ-တရုတ် နယ်စပ်မြို့တွေကို လူသူစုဆောင်း ခေါ်ယူလာတာတွေ အဲဒီမြို့တွေမှာ တရားခံတွေ ဖမ်းဆီးရမိတာတို့ တရားစွဲဆိုထောင်ချလိုက်တာတို့ တစ်ဖက်နိုင်ငံကနေ လူကုန်ကူးခံရသူတွေကို ပြန်ပို့တာတို့ မီဒီယာတွေမှာ ဖတ်လိုက်ရမှာပါ။ ဒီဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လူကုန်ကူး ခံလိုက်ရတဲ့ သားကောင်တွေက ဧရာဝတီတိုင်းထဲကလည်း ပါမှာပဲ၊ ရန်ကုန်လို ပဲခူးလို မန္တလေးလို မြို့ကြီး ပြကြီးကလည်း ပါလာတာပဲ။ အရင်တုန်းကတော့ တောရွာတွေဆီ ဆင်းပြီးစည်းရုံးတော့ တောနယ်ဘက်က များတယ်။ အခုတော့ ပစ်မှတ်ရွေးတာကိုက မျက်နှာသိတွေ ဆွေနီးမျိုး စပ်တွေကိုပါ ရွေးလာတာကြောင့် လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပြည်သူတွေဆီ မှန်မှန်ကန်ကန် ရောက်ဖို့ အရေးတကြီး လိုအပ်လာပြီ''ဟု လူကုန်ကူးမှု ဆိုင်ရာဖြစ်စဉ်များကို လေ့လာနေသူ စာရေးဆရာသုတေသီ ၀င်းနိုင်ထွန်း က မှတ်ချက်ပြု ပြောကြားခဲ့သည်။
''မကြာသေးမီက မူဆယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ လူကုန်ကူးမှု ဖြစ်စဉ် တစ်ခုမှာ အဓိကပါဝင်ခဲ့တဲ့ အမျိုး သမီးဆိုရင် သူ့ရဲ့ ညီမတစ်ဝမ်းကွဲကို လူကုန်ကူးခဲ့တာ ဖြစ်တယ်လို့သိရတယ်။ သူ့ကို သက်ဆိုင်ရာက မေးမြန်းတဲ့ခါ သူက သူနဲ့မျက်နှာသိတွေရှိတဲ့ ဧရာဝတီတိုင်းထဲက ရွာကလေးတွေအပြင် ခရီးသွားရင်းသိကျွမ်းခင်မင်ခဲ့တဲ့ ပဲခူးတိုင်းက အမျိုးသမီးငယ်ကလေးတွေကိုပါ လူကုန် ကူးဖို့အတွက် စည်းရုံးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီးငယ်လေးတွေ ခရီးသွားတဲ့အခါမှာလည်း အလုပ်အကိုင်မက်လုံးပေးတိုင်း မယုံကြည်ဖို့ အရေးကြီးပါတယ်။ အလားတူပဲ အိမ်ကိုလာပြီးတော့ ကိုယ်နဲ့မျက်နှာ သိတွေ ဆွေနီးမျိုးစပ်တွေလာပြီး တော့ အလုပ်အကိုင်မက်လုံးနဲ့ စည်းရုံးခေါ်ဆောင်မယ်ဆိုရင်လည်း မယုံလွယ်ဖို့ အရေးကြီးပါတယ်'' ဟု ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် လူကုန်းကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသူ ကရင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအသင်း မှ အတွင်းရေးမှူး ဒေါ်စူစန်နာလှလှစိုးက ဆိုပါသည်။
''အမျိုးသမီးကို အမျိုးသမီးချင်း စည်းရုံးတာက ပိုပြီး ထိရောက်တဲ့ သဘာဝကြောင့်ဖြစ်သလို နောက်တစ်ချက်ကလည်း တစ်ကြိမ်သားကောင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေ က နောက်တစ်ကြိမ်မှာ လူကုန်ကူးသူ နေရာကို ရောက်သွားတတ်တဲ့ သဘာဝကြောင့်လည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း အမျိုးသမီး ငယ်ရွယ် တော်တော်များများက မိ သားစုစားဝတ်နေရေး အခက်အခဲတွေ ရယ်၊ ၀တ်ချင်စားချင်စိတ်၊ သုံးချင် ဖြုန်းချင်တဲ့စိတ်နဲ့ ၀င်ငွေ မြင့်မြင့်မား ရလိုတဲ့အတွက် စွန့်လွှတ်စွန့်စားချင်တဲ့ စိတ်တွေက အမျိုးသားငယ်တွေ ထက် ပိုများတာလည်းပါမယ်''ဟု စာရေးဆရာသုတေသီ ၀င်းနိုင်ထွန်း က ပြောကြားခဲ့သည်။ |
|