HomeCalendarFAQSearchMemberlistUsergroupsRegisterLog in

Share | 
 

 ပြုံးပျော်ရွှင်စေဖို့ပါနော်...............

View previous topic View next topic Go down 
AuthorMessage
kokyawko777



Posts : 51
Join date : 2010-03-26

PostSubject: ပြုံးပျော်ရွှင်စေဖို့ပါနော်...............   Sat Apr 10, 2010 3:42 am

နှလုံးသားရေးဦးတည်ချက် ( ၄ ) ရပ်.........

ရင်ခွင်တော်တည်ငြိမ်ရေး၊ ရင်ခုန်သံအေးချမ်းသာယာရေးနှင့် အနမ်းဥပဒေစီုးမီုးရေး။

နှစ်ဦးသားပြေလည်စည်းလုံးညီညွတ်ရေး။

ခိုင်မာသည့်အသဲပုံအကြင်နာအမြူတေသစ်ဖြစ်ပေါ်လာရေး။

ဖြစ်ပေါ်လာသည့်အသဲပုံအကြင်နာအမြူတေသစ်နှင့်အညီခေတ်မီတီုးတက်လှပသော
တူနှစ်ကိုတိုင်းပြည်တခုတည်ဆောက်ရေး

................................................................................................................................................................





ချစ်သူ့သဘောထား။
.............................
အသပြာအားကိုး အန်ကယ်ဘီုးဘီုး အောက်ပီုင်းမြင် ၀ါဒီများအား ဆန့်ကျင်ကြ။

ရင်ခွင်တော်တည်ငြီမ်ရေးနှင့်အကြင်နာ တီုးတက်ရေးကိုနှောင့်ယှက်ဖျက်ဆီးသူ
ကြာကူလီများအားဆန့်ကျင်ကြ။

တူနှစ်ကို၏အတွင်းရေးကိုဝင်ရောက်စွတ်ဖက်သော မိဘဆွေမျီုးများအား ဆန့်ကျင်ကြ။

ဆိုင်တွင်းဆိုင်ပြင် အရက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ရှောင်ရှားကြ။
တစ်ချက်ပြုံးရင်တစ်ရက်အသက်ပိုရှည်မှာပါ။

*ကံအဆိုးဆုံးနေ့*

အရက်ဘားတွင်ဖြစ်သည်။
အရက်ခွက်ကို ရှေ့မှာ ချပြီး လူတစ်ယောက် ညှိုးငယ်စွာ ထိုင်နေသည်။
ထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း လူတစ်ယောက်ဝင်လာပြီး ဘာမပြော၊
ညာမပြောနှင့် စောစောက လူရှေ့ရှိ အရက်ခွက်ကို ဆွဲယူကာ သောက်ချလိုက်သည်။
ထိုင်နေသူ မျက်နှာကို လက်နှစ်ဘက်ဖြင့် အုပ်ပြီး ရှိုက် ကြီးတငင် ငိုသည်။ ဗလကြီး
အံ့သြသွားသည်။ ထိုသူကို သနားစိတ်ဝင်သွားသည်။ သို့နှင့် နှစ်သိမ့်စကားပြောသည်။
"ဟေ့လူ၊ ဒီလောက်တောင် ဝမ်းနည်းမနေပါနဲ့။ ကျွန်တော် ကျီစားတာပါဗျ။
နောက်တစ်ခွက်ဖိုးကို ကျွန်တော် ပေးပါ့မယ်ဗျာ"
မျက်ရည်များကို သုတ်ပြီး ထိုလူ ပြန်ပြောသည်။
"ဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်အဖြစ်ကို ခင်ဗျားမသိလို့ပါ။ ဒီနေ့ဟာ
ကျွန်တော့
အတွက် ကံအဆိုးဆုံးနေ့ပါ။ မနက်က အိပ်ရာထ နောက်ကျသွားတယ်။ အလုပ်ဆင်းတာ
နောက်ကျတယ်ဆိုပြီး အလုပ်ရှင်က ကျွန်တော့ကို အလုပ်က ထုတ်လိုက်တယ်။
ကိုယ်ပိုင်ပစ္စည်းတချို့ကို ကောက်သိမ်းပြီး အပြင်ကို ထွက်လာတော့ ကျွန်တော့
စက်ဘီး
မရှိတော့ဘူး။ ဒါနဲ့ အိမ်ကို ခြေလျင် ပြန်လာရတယ်။ အိမ်ရောက်တော့ မိန်းမကို
လင်ငယ်နဲ့
တွေ့တယ်။ မိန်းမက ရှင့်ကို မပေါင်းနိုင်တော့ဘူးဆိုပြီး အိမ်ပေါ်က မောင်းချတယ်။
ကျွန်တော့ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူး။ အရက်ဆိုင်ကို လာပြီး အရက်နဲပ ဖြေဖျောက်ဖို့
စဉ်းစားတယ်။ အရက်တစ်ခွက်မှာလိုက်တယ်။ အဲဒီမှာတင် အတွေးပေါ်လာတယ်။ ဒီလောက်
ကံဆိုးနေမှတော့ လူ့ပြည်မှာ ဘာလုပ်ဖို့ ဆက်နေတော့မှာလဲ ဆိုတဲ့ အတွေး။ ဒါနဲ့
အရက်ခွက်ထဲကို အဆိပ်ခပ်ထည့်လိုက်တယ်။ သောက်မယ်လုပ်တုန်း ခင်ဗျား
ဝင်သောက်လိုက်တာ။ အင်း၊ သေချင်တာတောင် ဖြောင့်ဖြောင့် မသေရပါလားနော်။
ကျွန်တော့ကိုက ကံဆိုးပါတယ်ဗျာ"
“ဟိုက်။ ငါ သေရတော့မှာပါလား။ ဘုရား၊ ဘုရား”



*တစ်ရက်ပဲကျန်တော့တယ်*

ဆရာဝန်က လူနာကို ဖုန်းဆက်ပြီးပြောသည်။
"ဟဲလို၊ ဦးဘမောင်ပါလား"
"ဟုတ်ပါတယ်"
"ကျွန်တော် ဒေါက်တာ ကောင်းထိုက်ပါ။ ဦးဘမောင်ကို ကျွန်တော် သတင်းနှစ်ခု
ပြောစရာရှိပါတယ်။ တစ်ခုက မကောင်းတဲ့သတင်း။ နောက်တစ်ခုကတော့ အင်မတန်ကို
ကောင်းတဲ့သတင်းပါ။ ဘာသတင်းက စပြောရမလဲ"
"မကောင်းတဲ့ သတင်းက စပြောဗျာ"
"ဟုတ်ကဲ့။ ဟိုတစ်နေ့က လူကြီးမင်း လာပြီး ဆေးတွေစစ်သွားတာ ရလဒ်တွေ သိပါပြီ။
ဒီရလဒ်တွေအရ လူကြီးမင်းဟာ အများဆုံး သုံးရက်ပဲ လူ့ပြည်မှာ နေရဖို့ ရှိပါတယ်
ဘုရား၊ ဘုရား။ ဒီလောက်တောင် အခြေနေ ဆိုသလားဗျာ။ အင်း၊ အင်မတန်ကောင်းတဲ့
သတင်းကကော"
"လူကြီးမင်းကို ကျွန်တော် ဖုန်းဆက်နေတာ နှစ်ရက်ရှိပါပြီ။ အခုမှပဲ
ဆက်လို့ရပါတယ်"



*မခွဲချင်ဘူး*

ခွဲစိတ်ခန်းတွင်ဖြစ်သည်။
ခွဲစိတ်ခန်းအတွက် လိုအပ်သည်များကို ပြင်ဆင်နေရင်းက သူနာပြုဆရာမက လူနာကို
ပြောသည်။
"မကြာခင် ဆရာဝန်လာလိမ့်မယ်။ စိုးရိမ်ကြောင့်ကြတဲ့ အမူအရာစား ဆရာဝန်ကို
ပြုံးပြဖို့
ကြိုးစားပါရှင်"
"ဟင့်အင်း၊ ပြုံးပြနိုင်ဘူး။ ခွဲစိတ်ခံရမယ့် အရေးကို တွေးပြီး ကျွန်တော်
ဘယ်လိုမှ
စိတ်မအေးနိုင်ဘူးဗျာ"
"ရှင်စိုးရိမ်နေတယ် ဟုတ်လား။ အင်း၊ ဒေါက်တာလည်း ဒီအတိုင်းပါဘဲ။ ပထမဆုံး
အကြိမ်အဖြစ် ခွဲစိတ်ဖို့ သူ့ကို ဆေးရုံအုပ်ကြီးက တာဝန်ပေးလိုက်တာ သိတာနဲ့
သူ့ခမြာ
ကြောက်စိတ်ကြောင့် သတိလစ်သလိုလိုတောင် ဖြစ်သွားတယ်ရှင့်၊ သိလား"



*မာတာမိခင်*

သားဖြစ်သူက နယ်ရှိ မိခင်ထံ ဖုန်းဆက်သည်။
"ဟဲလို၊ မေမေလား။ မေမေ၊ ကျွန်တော် မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပြီဗျ
ဒါပေမယ့် မေမေ။ ကျွန်တော်ယူမည့် မိန်းကလေးဟာ အသားမည်း နီဂရိုး အမျိုးသမီး
ဖြစ်နေတယ်"
"ဟုတ်လား။ ဝမ်းသာလိုက်တာ သားရယ်"
"ဒါများ အရေးတကြီး လုပ်လို့ကွယ်။ မေမေနဲ့ သားတို့ ဖေဖေ အသားအရောင်
ခွဲခြားတက်တဲ့စိတ် မရှိဘူးဆိုတာ မင်းသိသားနဲ့"
"ဒါပေမယ့် သူ့မှာ အရင်ယောက်ျားနဲ့ရတဲ့ ကလေးသုံးယောက် ပါလာမယ် ခင်ဗျ"
"ကိစ္စရှိပါဘူး။ မေမေနဲ့ သားဖေဖေ ကလေးတွေကို ချစ်တက်ပါတယ်ကွယ်"
"ခက်တာက ကျွန်တော်တို့ နေစရာ မရှိဘူး အမေရာ"
"ဒါလည်း ပြဿနာ မဟုတ်ပါဘူး။ မေမေတိုဆီမှာ လာနေပေါ့။ မေမေတို့ အိမ်ခန်းက
အိပ်ခန်းတစ်ခန်းထဲ ရှိပေမယ့် နေလို့ရပါတယ်။ မင်းတို့ မိသားစု အဲဒီအခန်းမှာ
နေကြပါ။ အဲ
မင်းဖေဖေကတော့ စတိုခန်းမှာ နေပါလိမ့်မယ်ကွယ်"
"မေမေ၊ မေမေကရော ဘယ်မှာ နေမလဲခင်ဗျ"
"မေမေလား။ မေမေလေ မင်းနဲ့ အခု စကားပြောပြီးတာနဲ့ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို
သတ်သေလိုက်မယ်။ သား စိတ်မပူပါနဲ"



*ဖွင်မှပေါ့*

လူကြီးတစ်ယောက် ပင်လယ်ကမ်းစပ်တွင် ပုလင်းဟောင်း တစ်လုံးကို တွေ့သည်။ ငယ်ငယ်က
ကြားဖူးသော ပုံပြင်ကို သတိရသည်။ ပုလင်းထဲတွင် ဂျင်မီနီ ထိုင်နေမည်။ ပုလင်းကို
ပွတ်ရမည်ဟု သဘောပေါက်လိုက်သည်။ သို့နှင့် ပုလင်းကို ပွတ်သည်။ တစ်နာရီ၊
နှစ်နာရီ၊
သုံးနာရီ ကြာသွားသည်။ ဘာမှ ထူးမလာချေ။ နောက်ဆုံး မောလည်းမော၊ စိတ်လည်း
ပျက်လာသည်နှင့် ပုလင်းကို လွှင့်ပစ်မည်ဟု လုပ်သည်။ ဤတွင် ပုလင်းထဲမှ ဂျင်မီနီ၏
အသံကို ကြားရသည်။
"ဟေ့လူ။ ခင်ဗျား ရူးနေသလား။ ပုလင်းအဖုံးကို ဖွင့်ဦးမှပေါ့ဗျ"



*ဖိုးသက်ရှည်*

အသက်၂ဝ-အရွယ် အမျိုးသမီးကို မကြာမီကမှ လက်ထက်လိုက်သော အသက် ၇ဝ-
အရွယ်ရှိ အဘိုးကြီးက မိတ်ဆွေဖြစ်သူ ပင်စင်စားကို ပြောသည်။
"တကယ်တမ်း ပြောရရင် ရယ်စရာတော့ အကောင်းသားဗျနော်။ ခင်ဗျားပဲ စဉ်းစားကြည့်။
ကျုပ်မိန်းမ အသက်၇ဝ- ပြည့်တဲ့ အခါမှာ ကျုပ်ရဲ့ အသက် ၁၂ဝ- ရှိနေရော့မယ်"



*မေ့တတ်တဲ့အရွယ်*
"ဒေါက်တာ။ ကျွန်တော့အသက် ၈ဝ- ရှိပြီ။ ဒါပေမယ့် အခုအချိန်ထိ အမျိုးသမီး
ချောချောလှလှကို တွေ့ရင် သူ့နောက် လိုက်မိနေတုန်း"
"ဟာ ဒါကောင်းတာပေါ့ အန်ကယ်ရယ်"
"ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ဘာအတွက် ကျွန်တော် လိုက်သလဲဆိုတာ ဘယ်လိုမှ
စဉ်းစားလို့ မရဘူး"



*အကြောင်းမဲ့ ရန်ရှာခြင်း*

ယုန်က သားရဲတိရစ္ဆာန်တို့၏ဘုရင် ခြင်္သေမင်းကို လာတိုင်သည်။
"ဝက်ဝံဟာ ကျွန်တော့ကို အကြောင်းမဲ့ ရန်ရှာပြီး အနိုင်ကျင့်နေတယ်ခင်ဗျ။
ကျွန်တော့ကို
တွေ့တဲ့အခါတိုင်း 'ဟေ့၊ ယုန်စုတ်၊ မင်းဘာဖြစ်လို့ ဦးထုပ် မဆောင်းထားသလဲကွ '
ဆိုပြီး
ကျွန်တော့ကို ထိုးကြိတ်တယ် ခင်ဗျ"
ခြင်္သေမင်းက ဝက်ဝံကို ခေါ်တွေ့ပြီး ပြောသည်။
"ဟေ့ ဝက်ဝံ၊ ယုန်ကို ရန်စဖို့ တခြားနည်းလမ်း မရှိဘူးလားကွဟေ။ ဥပမာ၊ ပန်းသီး
ယူလာခဲလို့ မင်းပြောကြည့်။ မှည့်ဝင်းနေတဲ့ ပန်းသီးကို ဒင်းယူလာရင်
ခပ်စိမ်းစိမ်းကိုမှ စားချင်တယ်ပြော။ ဆေးလိပ် ပေးသောက်စမ်းလို့ ပြောကြည့်။
ဖင်စီခံ မပါတဲ့ စီးကရက်ကို
ဒင်းပေးရင် ဖင်စီခံနဲ့ သောက်ချင်တယ်လို့ပြော။ မီးတစ်တို့ ပေးညှိစမ်းလို့
ပြောကြည့်။
သစ်သားမီးခြစ်ကို ပေးရင် ဂတ်စ်မီးခြစ်နဲ့မှ ညှိချင်တယ်လို့ ပြော။ သဘောကတော့
သူ့ကို
ရန်ရှာစရာအကြောင်းတွေ အများကြီး ရှိပါတယ်ကွ"
ယုန်ကို ဝက်ဝံ တွေ့သည်။
"ပန်းသီး ယူလာစမ်း"
"အစိမ်းလား၊ အမှည့်လားဟင်"
"ဆေးလိပ် ပေးသောက်စမ်း"
"အစီခံနဲ့လား၊ အစီခံ မပါတာလားဟင်"
"မီးခြစ်ပေးစမ်း"
"သစ်သားမီးခြစ် ယူမလား။ ဂတ်စ်မီးခြစ် ယူမလား"
"ဟေ့ကောင်၊ မင်း ဘာဖြစ်လို့ ဦးထုပ် မဆောင်းထားသလဲကွ ဟေ"



*မေ့သွားလို့ပါ*

ကိုဘမောင်တို့ လင်မယား ကိုးထပ်တိုက်၏ အပေါ်ဆုံးထပ်တွင် နေသည်။
တစ်နေ့ ကိုဘမောင် မရှိခိုက် ၄င်း၏ မိတ်ဆွေ ကိုရွှေဂဲ ရောက်လာသည်။ ကိုဘမောင်၏
ဇနီးက ကော်ဖီ ဖျော်တိုက်ပြီး စကားစမြည် ပြောနေကြသည်။ အပြင်မှ တံခါးကို
သော့ဖြင့်
ဖွင့်သံ ကြားရသည်။ ယောက်ျားဖြစ်သူ အလွန် သဝန်တိုတက်မှန်း သိသဖြင့် မိန်းမဖြစ်သူ
အကြီးအကျယ် စိုးရိမ်စိတ် ဝင်သွားသည်။ သို့နှင့် ကိုရွှေဂဲကို ပြောသည်။
"ဒုက္ခပါပဲ။ ကျွန်မကို သူ အထင်လွဲတော့မယ်။ ဝရန်တာမှာ ခဏသွားပုန်းပါရှုင်။ သူ
တစ်ခုခု
မေ့လို့ လာပြန်ယူတာ ဖြစ်ပါလိမ့်မယ်။ မကြာခင် သူ ပြန်ထွက်သွားမှာပါ"
ကိုရွှေခဲ တံခါးဖွင့်ပြီး ဝရန်တာဘက် ကပျာကယာ ထွက်သွားသည်။
ကိုဘမောင် အခန်းထဲ ဝင်လာသည်။ ကော်ဖီပန်းကန်များကို ကြည့်ပြီး မျက်နှာကြီး
နီလာသည်။
"ကောင်မ ၊ မှန်မှန်ပြောစမ်း။ မင်း လင်ငယ်နဲ့ ပြောနေတယ်ပေါ့လေ၊ ဟုတ်လား။
ဘယ်မှာလည်း ဒီ အကောင် မှန်မှန်ပြောရင် ပြော မပြောရင် ငါဟာငါ ရှာမယ်"
"ကိုဘမောင်၊ ရှင် ကျွန်မကို ဒီလို မစွပ်စွဲပါနဲ့။ ရှင် သူငယ်ချင်း ကိုရွှေဂဲ
အလည်လာတာပါ။
ရှင်သဝန်တိုတက်မှန်း သိလို့ သူ့ကို ကျွန်မ ဝရန်တာမှာ ပုန်းခိုင်းထားမိပါတယ်။ သူ
ဝရန်တာမှာပါ"
"မင်းတော်တော် အသုံးမကျတဲ့ မိန်းမပါလားကွ ဟေ။ တို့ အိမ်မှာ ဝရန်တာ မရှိဘူးဆိုတာ
မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ တောက်"



*ALL RIGHT*

"ဘယ်ခြေထောက်၊ ဘယ်မျက်လုံး၊ ဘယ်လက်၊ ဘယ်နားရွက်မရှိတဲ့သူကို
ဘယ်လိုခေါ်သလဲဟင်"
"ALL RIGHT"



*စုပေါင်းဓာတ်ပုံ*

အတန်းပိုင်ဆရာမနှင့်အတူ လေးတန်း(အေ)မှ ကျောင်းသူ ကျောင်းသားများ စုပေါင်း
ဓာတ်ပုံ
ရိုက်ကြသည်။ ရိုက်ပြီးသောအခါ ဆရာမက ကလေးတို့ကို ဓာတ်ပုံတစ်ပုံစီ ဝယ်ကြရန်
တိုက်တွန်းသည်။
"ဓာတ်ပုံကို မင်းတို့ အမှတ်တရ ဝယ်ထားသင့်ကြတယ်။ ကြီးလာတဲ့အခါ ဓာတ်ပုံကို
ကြည့်ပြီး မင်းတို့ အမှတ်တရ ပြောနိုင်ကြမယ်။ 'ဒါကတော့ မောင်နီပဲ။ အခု
ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေပြီ' ၊ ' သူကတော့ မခင်သက်၊ တက္ကသိုလ်မှာ ကထိကကြီး
ဖြစ်နေပြီ' ၊ ' သူကတော့ ချောကလျာ၊ အခုတော့ နာမည်ကြီး ရုပ်ရှင် မင်းသမီး'
စသဖြင့်ပေါ့ကွယ်"
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးထံမှ တိုးတိုးလေး ပြောသံ ကြားရသည်။
"အင်း။ အလယ်တည့်တည့် မှာ ရပ်နေတဲ့ ငါတို့ ဆရာမတောင် သေသွားတာ ကြာပါပကော"



*ကောက်ချက်*

ဆရာမက ပီတာလေးကို မေးသည်။
"ပီတာ၊ မင်း ဘာဖြစ်လို့ ကျောင်းနှစ်ရက် ပျက်ရတာလဲ"
"ကျွန်တော့လုံချည်ကို တမြန်နေ့က မေမေ လျှော်လိုက်လို့ပါ"
"ဘာလဲ၊ မင်းမှာ လုံချည်တစ်ထည်တည်း ရှိတာလား"
"ဟုတ်ပါတယ်"
"ကောင်းပြီ။ ဒါဖြင့်ရင် မနေ့ကကျတော့ကော ဘာဖြစ်လို့ ကျောင်းမတက်တာလဲ"
"ဒီလိုပါ။ မနေ့က ကျွန်တော် ဆရာမတို့ အိမ်အနားက ဖြတ်လျှောက်သွားပါတယ်။ အဲဒီမှာ
ဆရာမရဲ့ ထမီကို လျှော်ထားတာ တွေ့လိုက်ရတယ်။ ဆရာမလည်း ဒီနေ့ ကျောင်းလာမှာ
မဟုတ်ဘူးလို့ တွေးလိုက်မိတယ်"




ဟာသများပါပဲရယ်နိုင်ကြပါစေ။
*ဟုတ်သလိုလိုပဲ*

ဆရာမက မေးသည်။
"ကုန်းပေါ်မှာရော၊ ရေပေါ်မှာပါ နေနိုင်တဲ့ သတ္တဝါဟာ ဘာလဲကွယ်"
ပီတာလေး ထဖြေသည်။
"သင်္ဘောသား"




*အကြောင်းရင်း*

လေ့လာရာခရီးအဖြစ် ဆရာမသည် အတန်းသူ အတန်းသားများကို
ဆောက်လုပ်ရေးစခန်းတစ်ခုဆီ ခေါ်သွားသည်။ ¤င်းတို့ ရောက်ရှိနေစဉ်တွင်
ဆောက်လုပ်ရေးလုပ်သားတစ်ဦးသည် ထောင်ထားသော လှေကားပေါ်မှ ကျကာ ပွဲချင်းပြီး
သေသွားသည်။
ကျောင်းသူကျောင်းသားများ ကျေင်းသို့ ပြန်လာကြသည်။ မြင်ခဲ့ရသော
စိတ်မကောင်းစရာနှင့်
ပတ်သတ်၍ ဆရာမက စကားစသည်။
"မသီတာ၊ လုပ်သာကြီး ဘာဖြစ်လို့ လိမ့်ကျတယ် ထင်သလဲကွယ်"
"လုံခြုံရေးစည်းကမ်းတွေကို မလိုက်နာလို့လို ထင်ပါတယ်"
"မောင်နီ၊ မင်းကကော ဘယ်လို ထင်သလဲကွယ့်"
"အဲဒီ ဦးဦး အရက်သောက်ထားတယ် ထင်ပါတယ်"
ပီတာလေး နေရာမှ ထပြီး ပြောသည်။
"မဟုတ်ဘူး။ ကျွန်တော့ အမေကို သူဆဲလို သူ လိမ့်ကျတာ"
"ဟဲ့။ မင်းဘာဖြစ်လို့ ဒီလို ပြောတာတုန်း"
"ကျွန်တော် ကိုယ်တိုင် ကြားလိုက်တာပဲ၊ 'ဟေ့ ချာတိတ်၊ မင်းအမေ .... ၊ လှေကားကို
မလှုပ်ပါနဲ့လို့ မင်းကိုဘယ်နှစ်ခါ ပြောရမလဲကွ ဟေ ' တဲ့"




*စမ်းသပ်နည်း*

မီးခြစ်ဆံများ ကောင်းမကောင်း ကိုချူချာ ဤသို့ စမ်းသပ်သည်။
မီးခြစ်ဆံကို ခြစ်လိုက်သည်။ တစ်ချက်တည်းနှင့် မတောက်လျှင် မကောင်းဟု သတ်မှတ်ကာ
လွှင့်ပစ်သည်။
တစ်ချက်တည်းနှင့် မီးတောက်လျှင် ကောင်းသည်ဟု သတ်မှတ်ကာ မီးငြိမ်းပြီး
မီးခြစ်ဖာထဲ
ပြန်ထည့်သည်။




*ချူချာစစ်သား*

တပ်ကြပ်ကြီးက တပ်သားချူချာကို ပြောသည်။
ဓတပ်သားချူချာ ငါ တစ်နာရီလောက် အိပ်လိုက်ချင်တယ်။ တကယ်လို့
ဗိုလ်ချုပ်လာတယ်ဆိုရင် ငါ့ကို နှိုး၊ ကြားလားဓ
တစ်နာရီ ကြာသွားသည်။ တပ်ကြပ်ကြီးက မေးသည်။
"ဗိုလ်ချုပ် လာသွားသေလား"
"ဟင့်အင်း"
"အေး၊ ဒါဆို ငါ နောက်တစ်နာရီလောက် အိပ်လိုက်ဦးမယ်။ ဗိုလ်ချုပ်လာတာ တွေ့ရင်တော့
ငါ့ကို ချက်ချင် နှိုးနော်၊ ကြားလား"
နောက်တစ်နာရီ ကြာသွားသည်။ တပ်ကြပ်ကြီး မျက်လုံးဖွင့်ပြီး မေးသည်။
"ဗိုလ်ချုပ် လာသွားသေလား"
"ဟင့်အင်း"
"အေး ငါ ခဏ ဆက်အိပ်လိုက်ဦးမယ်။ လာရင်တော့ ထုံးစံ အတိုင်းပေါ့။ ဟုတ်လား"
ဗိုလ်ချုပ်ရောက်လာသည်။
တပ်သား ချူချာက လှမ်းမေးသည်။
"ခင်ဗျား ဗိုလ်ချုပ်လား"
"ဟုတ်တယ်"
"ခင်ဗျား ဘယ်လျှောက်သွားနေတာလဲ။ ခင်ဗျားကို ဆာဂျင်စောင့်နေတာ သုံးနာရီတောင်
ရှိသွားပြီ"




*လွတ်လပ်ရေးရန်ပုံငွေ*

ချူကော့ကာပြည်နယ် လွတ်လပ်ရေးရဖို့အတွက် နို့စားနွားမကို ရန်ပုံငွေအဖြစ်
ထည့်ဝင်ရန်
အသင့်ရှိ မရှိ ကိုချူချာကို မေးသည်။
"ထည့်ဝင်ပါမယ်"
"ဝက်ဆိုရင်ကော"
"ပေးပါတယ်"
"ဆိတ်ကို ထည့်ဝင်ပါလို့ ဆိုရင်ကော"
"ဒါလည်း အသင့်ပါပဲ"
"သိုးကို ပေးပါလို့ ပြောရင်ကောဗျ"
"ဒါတော့ မဖြစ်ဘူး"
"ဘာဖြစ်လို့လဲ"
"သိုးက ကျွန်တော့ဆီမှာ တကယ်ရှိတာကိုး"



*နားမထောင်ပါရစေနဲ့*

အမေရိကန်၊ အင်္ဂလိပ်နှင့် ရုရှားတို့ သုးံ ဦးကို လူရိုင်းများ ဖမ်းမိသွားကြသည်။
¤င်းတို့ကို
မသတ်ခင် ဆန္ဒတစ်ခုဆီကို ဖြည့်ဆည်းပေးရန် သူရိုင်းခေါင်းဆောင် ကတိပြုသည်။
ရုရှားက ဗောဒ့်ကာ အဝသောက်ချင်သည်ဟု ပြောရာ သောက်နိုင်သလောက် သောက်ခိုင်းပြီး
သတ်လိုက်သည်။
အမေရိကန်က မိန့်ခွန်းချွေချင်သည်ဟု ပြောသည်။ ဤတွင် အင်္ဂလိပ်က ကြားဖြတ်ပြီး
ပြောသည်။
"အမေရိကန် မိန့်ခွန်း မပြောခင် ကျွန်တော့ကို သတ်ပါ"



*အထင်ကြီးရင်ပြီးရော*

မော်စကိုဗစ်ခ်ျကားစုတ်ကလေးတွင် ဂျူးနှစ်ယောက် လိုက်ပါလာကြသည်။
တစ်ယောက်ကမောင်ပြီး နောက်တစ်ယောက်က ¤င်း၏ ဘေးခုံတွင် ထိုင်သည်။ ထိုင်နေသူက
ပြောသည်။
"အပြင်မှာ အပူချိန် ၁ဝဝ- ဒီဂရီ။ ငါတို့ ကိုယ်ပေါ်မှာ သက္ကလပ် ဝတ်စုံနဲ့။ ဒီကြားထဲ
ကားတံခါးတွေ အလုံပိတ်ထားတယ်။ အိုက်တာနဲ့။ အသက်ရှူမဝတာနဲ့ သေတော့မယ်။ မိုရှေ၊
ကားမှန် ဖွင့်ပါရစေကွာ"
"မဖွင့်ရဘူး"
ခဏကြာသွားသည်။ ထိုင်နေသူ ထပ်ပြောပြန်သည်။
"မိုရှေ၊ ငါ မနေနိုင်တော့ဘူး။ ကားမှန်ကို ငါဖွင့်မယ်ကွာ"
"မဖွင့်ရဘူး"
"ဘာဖြစ်လို့လဲကွာ"
"ကားထဲမှာ လေအေးစက် ဖွင့်ထားတယ်လို့ သူများတွေ ထင်စမ်းပါစေကွာ"



*ကြိုတင်ပြင်ဆင်မှု*

ဂျူးအဘိုးကြီး နေ့လယ်စာ စားရန် ပြင်သည်။ ဘေးနားတွင် ထိုင်နေသော ဇနီးသည်သည်
တစ်ကိုယ်လုံး အမည်းရောင် အဝတ်အစား ဝတ်ထားသည်ကို တွေ့ရာ မေးလိုက်သည်။
"ဟေ့၊ မင်းဘာဖြစ်လို့ တစ်ကိုယ်လုံး အမည်းရောင် ဝတ်ထားရတာလဲကွ"
"ဒီနေ့ ရှင့်အတွက် မှိုဟင်းချက်ထားလို့ပါ"




*ထိုးနှက်ချက်*

ဂျူးအမျိုးသမီး နှစ်ယောက် စကားပြောနေကြသည်။
"ဒီနေ့ ရှင်ဝတ်ထားတဲ့ ဝတ်စုံ သိပ်လှပါလား"
"ကျွန်မရဲ့ အသက် ၃ဝ- ပြည့်နှစ် မွေးနေ့မှာ ယောက်ျားက လက်ဆောင်ပေးထားတာလေ"
"ဟုတ်လား။ နှစ်တွေ ဒီလောက် ကြာသွားတာတောင် အသစ်အတိုင်းပဲနော်"



*ချစ်ဇနီး*

ရာဘင်နိုဗစ်ခ်ျ မိတ်ဆွေဖြစ်သူ မိုရှေ၏ အိမ်သို့ အလည်သွားသည်။ အိမ်ရှင်များက
၎င်းကို
ညစာ ကျွေးသည်။ ထမင်းပွဲ လာပြင်ပေးသော အရုပ်ဆိုးလှသော အမျိုးသမီးကို ကြည့်ပြီး
ရာဘင်နိုဗစ်ခ်ျ မအောင့်နိုင်ဘဲ မေးသည်။
"အချက်အပြုတ် အင်မတန် ကောင်းတယ်ဆိုပြီး ခင်ဗျား ခဏခဏ ချီးကျူးနေတဲ့
အမျိုးသမီးဟာ သူလား"
"မေးပဲ မေးရက်တယ်။ ကျွန်တော့ကို ငထုံငအလို့ ခင်ဗျားထင်နေသလား။ ဒီလောက်
အရုပ်ဆိုးတဲ့ မိန်းမကို ကျုပ် အိမ်ဖော်အဖြစ် ထားမယ်တဲ့လား။ ဒါ ကျုပ် မိန်းမဗျ"



*မသင်ဘဲနဲ့ တက်နေတယ်*

ဂျူးလင်မယားသည် သားငယ်၏ ၇-နှစ်မြောက် မွေးနေ့တွင် စက်ဘီးတစ်စီး
လက်ဆောင်အဖြစ် ဝယ်ပေးလိုက်သည်။
တစ်နေ့ စက်ဘီးမပါဘဲ ချာတိတ် အိမ်သို့ ပြန်လာရာ မိဘများက ဝိုင်းမေးကြသည်။
"ဟဲ့ သား၊ စက်ဘီး ဘယ်မှာလဲ"
"အဘိုးတစ်ယောက်က သူ့ မြေးကလေးအတွက် ခဏငှားပါဆိုလို့ ကျွန်တော် ပေးလိုက်တယ်။
တစ်နာရီအတွင်း သူပြန်လာပေးမှာပါ"
အဖေက စိတ်ဆိုးသံဖြင့် ပြောသည်။
"ငှားလိုက်တယ် ဟုတ်လား။ အေး အေး၊ လာပြန်ပို့ပါမယ်တဲ့လား။ ဟင်း ဟင်း
စောင့်ကြညြ့်ကသေးတာပေါ့"
အမေက ဝင်ပြောသည်။
"ရှင်ကလည်း ကလေးကို အပြစ်မတင်ပါနဲ့။ ဒီအရွယ်ကတည်းက တစ်ဘက်သားကို
စာနာကူညီတက်တဲ့စိတ် ကလေးဆီမှာ ရှိနေပါကလားဆိုပြီး ဝမ်းတောင်သာရမယ့် ဥစ္စာပဲ"
ခဏအကြာတွင် အိမ်ခန်းတွင် လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ တံခါးရှေ့တွင်
အဘိုးကြီးတစ်ဦး။ လက်တစ်ဘက်တွင် စက်ဘီး။ နောက်တစ်ဘက်က ချောကလက်ဘူး။
စက်ဘီးပိုင်ရှင် ချာတိတ်သည် စက်ဘီးကို အသေအချာ ကြည့်လိုက်ပြီး ပြောသည်။
"အားလုံး အိုကေပါတယ် အဘိုး။ ချောကလက်နဲ့ စက်ဘီး ကျွန်တော့ကို ပေး။
ရော့ ဒီမှာ အဘိုးလက်ပတ်နာရီ"


ဟာသများ*နောင်တ*

ကိုချူချာ ထီဒေါ်လာတစ်သိန်း ပေါက်သည်။။ မိတ်ဆွေများက ဝမ်းသားစကား ပြောကြသည်။
"ခင်ဗျားဟာ တကယ့် ဖိုးကံကောင်းပဲဗျ။ ခင်ဗျားတို့ မိသားစုအတွက် ကျွန်တော်တို့
အားလုံး
ဝမ်းသာကြတယ်ဗျို့။ ဒါနဲ့ ခင်ဗျား မျက်နှာ မကောင်းပါလား။ ဘာဖြစ်လို့လဲ"
ကိုချူချာ မျက်ရည်ကို အနိုင်နိုင်ထိန်းရင်း ပြန်ပြောသည်။
"ထီလက်မှတ် နှစ်စောင် မဝယ်လိုက်ရ ကောင်းလားဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လို့
မဆုံးဘူးဗျာ"



*ကြော်ငြာ*

အင်္ဂလန်ထုတ် ဂျာနယ်တစ်စောင်တွင် ကြော်ငြာတစ်ခုပါလာသည်။
"ကျွန်တော်တို့လင်မယား အသက်သုံးဆယ်ကျော်စီပဲ ရှိကြသေးသည်။ သားသမီးလေးယောက်
ရပြီး။ အားလုံးယောက်ျားလေးချည်း ဖြစ်သည်။ ကျွန်တော်တို့ သမီးလေး တစ်ယောက်
လိုချင်သည်။ အကြံÓဏ်အားဖြင့် ကူညီကြပါရန်"
ကြော်ငြာပါလာပြီး မကြာမီ ကမ္ဘာအရပ်ရပ်မှ အကြံပေးစာ ရောက်လာသည်။
အမေရိကန်နိုင်ငံသား - 'ဆက်လုပ် စမ်းသပ်ပါ'
သြစတေးလျနိုင်ငံသား - 'ဘုရားသခင်ရှေ့မှာ ဆုတောင်းပါ'
တောင်အာဖရိကနိုင်ငံသား - ' အစားအသောက် ဆင်ခြင်ပါ'
အိန္ဒိယနိုင်ငံသား - 'ယောဂီ ကျင့်သူများ အသင်းသို့ ဝင်ပါ'
အီတလီနိုင်ငံသား - 'အမြန်ဆုံးလာခဲ့မယ်'



*စာကြည့်တိုက်မှာ*

"ကျွန်တော် 'သူခိုးရန်မှ ကာကွယ်နည်း' စာအုပ်ကို ဖတ်ချင်ပါတယ်။ အဲဒီစာအုပ်
ဒီစာကြည့်တိုက်မှာ ရှိသလားဟင်"
"ရှိခဲ့တယ်။ ဒါပေမယ့် တစ်လောက အခိုးခံလိုက်ရတယ်။"



*အကျင့်ရှိပြီးသား*

သူဋ္ဌေးကတော်က အိမ်ဖော်မ အသစ်ကို ပြောသည်။
"ညည်းကို ငါ ကြိုပြောထားချင်တယ်။ ဒီအိမ်က အကြီးကြီး။ ပြီးတော့ နေတဲ့လူကလည်း
အများကြီး။ အဲဒီတော့ ညည်းအတွက် အားချိန် နားချိန်ဆိုတာ ရှိမှာ မဟုတ်ဘူး။"
"စိတ်မပူပါနဲ့ ဒေါ်ဒေါ်။ ကျွန်မ တောမှာ နေတုန်းက ဝက်အကောင် နှစ်ဆယ်ကို နေစဥ့်
အစာချက်ကျွေးရတယ်။ ဝက်ခြံကိုလည်း နေ့စဉ် သန့်ရှင်းရေး လုပ်ခဲ့ရပါတယ်ရှင့်"



*လူသားပဲစားမယ်*

လေယာဉ်မယ် ခရီးသည်တစ်ဦးချင်းကို ကျွေးမွေးမည့် ဟင်းလျာ စာရင်းစာရွက်ကို
လိုက်ပေးသည်။ ထိုလေယာဉ်ပေါ်တွင် အာဖရိကတိုက် မျိုးရိုးအုပ်စုတစ်စုမှ
ကပ္ပလီတစ်ယောက်လည်းလိုက်ပါလာသည်။ ¤င်း၏အလှည့်သို့ ရောက်သောအခါ ကပ္ပလီက
ဟင်းလျာစာရွက်ကို လေယာဉ်မယ်အား ပြန်ပေးပြီး ပြောသည်။
"ကျွန်တော့အတွက် မလိုပါဘူး။ ဒီလေယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်စာရင်းသာ
ကျေးဇူးပြုပြီး ယူလာခဲ့ပေးပါ"



*နေရာဟောင်း*

ဟီးနိုးကားကြီးပေါ် လိုက်ပါလာသော ကမ္ဘာလှည့် ခရီးသည်များသည် ဒရိုင်ဘာ၏
လက်စွမ်းပြမှုကြောင့် အကုန်လုံး ဘုရားတနေကြရသည်။ လမ်းကွေ့တွင် ဘရိတ်မအုပ်၊
အရှိန်မလျှော့ဘဲ တအားကွေ့ပစ်သည်။ မီးနီ ပြနေသော်လည်း အတင်း ဖြတ်မောင်းသည်။
တစ်ဖက်မှလာသော ဓာတ်ဆီတင်ကားနဲ့ သီသီလေးလွတ်သွားသည်။ ရှေ့က ကားကို
လူသွားလမ်းပေါ် တက်မောင်းပြီး ဖြတ်ကျော်သည်။ ခရီးသည်အားလုံး ရင်တမမနှင့်
လိုက်ပါလာကြရသည်။ ဤသည့်ကြားမှ ဒရိုင်ဘာသည် မြို့၏ စိတ်ဝင်စားဖွယ်ရာ
နေရာများကို မိုက်ခရိုဖုန်းမှ တဆင့် ကြေညာပေးသည်။ တစ်နေရာတွင် ¤င်းက ဤသို့
ကြေညာသည်။
"ခရီးသည်များ ခင်ဗျာ။ ညာဘက်မှာ တွေ့ရတဲ့ လေးထပ်တိုက် အဆောက်အဦးဟာ
စိတ်ရောဂါ အထူးကု ဆေးရုံကြီး ဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ ကျွန်တော် ဆယ်နှစ်တိတိ
နေခဲ့ပါတယ်ခင်ဗျာ" မှတ်ကရော။



*ပင်းဂွင်းငှက်*

ကက်သလစ်ဘာသာဝင်တွေ နေထိုင်ရာ အီတလီနိုင်ငံတွင် ဖြစ်သည်။
အဝေးပြေးကုန်တင်ကားကြီးတစ်စီး ဆယ်ရက်ကြာ ခရီးစဉ်မှ ပြန်လာသည်။ ကားပေါ်တွင်
ယာဉ်မောင်းနှစ်ဦး ပါလာသည်။ တစ်ယောက်က ကားကို မောင်းသည်။
နောက်တစ်ယောက်က နားရမည့် အလှည့်ဖြစ်၍ ဘေးနားတွင် ငိုက်ပြီးလိုက်လာသည်။
ဆောင်းရာသီဖြစ်၍ နှင်းတွေကျနေသည်။
လမ်းကို သတိထားမောင်းရသည်။ မြင်ကွင်းလည်းမပြတ်သားလှ။
မောင်းနေရင်းက ရုတ်တရက် ဘေးမှ အိပ်နေသော အဖော်ကို ဒရိုင်ဘာမှ မေးသည်။
"ဟေ့ကောင် ပင်းဂွင်းငှက်ရဲ့ အရပ်အမြင့် ဘယ်လောက်ရှိသလဲဆိုတာ မင်း သိသလားကွ
ဟေ"
အိပ်ချင်မူးတူးဖြစ်နေသော အဖော်က စိတ်တိုတိုနှင့် ပြန်ပြောသည်။
"ဘယ်က ပင်းဂွင်းလဲ။ ဘာလုပ်ဖို့လဲ။ မသိဘူး။ ငါ အေးအေး အိပ်စမ်းပါရစေ"
အချိန်အနည်းငယ် ကြာသောအခါ မောင်းနေသူက အဖော်ကို နှိုးပြီး ပြောပြန်သည်။
"ဟေ့ကောင်။ ကားထဲမှာပါတဲ့ အညွှန်းစာအုပ်ကို ပင်းဂွင်းငှက်ရဲ့ အရပ်အမြင့်
ဘယ်လောက်ရှိသလဲ ဆိုတာ ရှာစမ်းပါ။ မင်းကို ငါ တောင်းပန်ပါတယ်"
"အဓိပ္ပါယ်မရှိတာတွေ ငါ့ကို မပြောစမ်းနဲ့။ မင်း ရူးနေသလား။ ကောင်းကောင်းကို
မအိပ်ရဘူး။ တောက်"
မိုင် အနည်းငယ် ဆက်မောင်းသောအခါ ဒရိုင်ဘာသည် ဘရိတ်အုတ်ပြီး ကားစက်ကို
ရပ်လိုက်သည်။ အိပ်နေသူ အပြီးအပိုင် နိုးလာသည်။
"ဟေ့ကောင်။ ကားကို ဘာဖြစ်လို့ ရပ်လိုက်ရတာလဲ"
"ပင်းဂွင်းငှက်ရဲ့ အရပ်အမြင့် ဘယ်လောက်ရှိသလဲဆိုတာ မင်း ငါ့ကို မဖြေမချင်း
ဘယ်ကိုမှ
မသွားဘူးကွာ ကဲ"
အဖော်ဖြစ်သူ မတက်နိုင်တော့။ သူငယ်ချင်းနှင့် ဆက်ပြီး စကားများနေလျှင်
အိပ်ရတော့မည် မဟုတ်ဟု သဘောပေါက်သွားသည်။ သို့နှင့်
အိတ်ဆောင် အညွှန်းစာအုပ် တစ်အုပ်ကို ဆွဲယူပြီး ရှာသည်။
"တွေ့ပြီ။ တစ်ပေခွဲရှိတယ်"
ကားဆရာသည် 'တစ်ပေခွဲ၊ တစ်ပေခွဲ၊ တစ်ပေခွဲ' ဟု နှုတ်မှ ရေရွတ်ပြီး အဖော်ဖြစ်သူကို
ပြောသည်။
"ဟေ့ကောင်။ လွန်ခဲ့တဲ့ နှစ်နာရီလောက်က ငါ မယ်သီလရင် နှစ်ယောက်ကို
တက်ကြိတ်မိတယ်ထင်တယ်ကွာ"
“ဟိုက်”




*တစ်ပတ်မရိုက်နဲ့*

တစ်နေ့ ကိုချူချာ မော်စကိုမြို့လယ်ခေါင်ရှိ ရင်ပြင်နီတွင် လမ်းလျှောက်နေသည်။
'စပတ်စကီးမျှော်စင်' ရှိ နာရီကြီးကို ရပ်ပြီး ကြည့်သည်။ လူတစ်ယောက်ရောက်လာပြီး
မေးသည်။
"ဘာလဲ၊ နာရီကို သဘောကျတယ်ထင်တယ်"
"ဟုတ်တယ်"
"လိုချင်သလား"
"လိုချင်တယ်"
"ဒေါ်လာတစ်ထောင်ပေး၊ ဒီမှာ ခဏစောင့်နေ။ လှေးကားကို ငါ ပြေးယူလိုက်မယ်"
ဒေါ်လာတစ်ထောက်ယူပြီး ထွက်သွားသည်။ သုံးနာရီ ကြာသွားသည်။ လှေကားသွားယူသူ
မပေါ်လာချေ။ အလိမ်မိပြီဟူ ကိုချူချာ သဘောပေါက်သွားသည်။ ရွာသို့
ပြန်ရောက်သောအခါ ဤအကြောင်းကို မိတ်ဆွေများကို ပြောပြသည်။
ကိုချူချာ၏ ညီ မော်စကိုသို့ ရောက်လာသည်။ ရင်ပြင်နီသွားပြီး မျှောင်စင်ပေါ်က
နာရီကို
အစ်ကိုဖြစ်သူအတိုင်း ရပ်ကြည့်သည်။ လူတစ်ယောက် ရောက်လာပြီး မေးသည်။
"ကြိုက်သလား"
"ကြိုက်တယ်"
"လိုချင်သလား"
"လိုချင်တယ်"
"အဲဒါဆို ဒေါ်လာ တစ်ထောင်ပေး။ ရမယ်။ ကိုင်း ဒီမှာ ခဏစောင့်နေ။ ငါ လှေကား၊
ပြေးယူလိုက်မယ်"
"ကိုချူချာ မထုံဘူးနော်။ တစ်ပတ်ရိုက်လို့ မရဘူး။ ရော့ ပိုက်ဆံယူပြီး ဒီမှာ
စောင့်နေ။
ငါကိုယ်တိုင် လှေကား သွားယူမယ်"



*ဒါဘာဟုတ်သေးလဲ*

လူတစ်ယောက် စားသောက်ဆိုင်တွင် နေ့လယ်စား စားနေသည်။ ပထမဦးဆုံး ပုစွန်ချိုဟင်းကို
စားသည်။ စားနေရင်းက ပန်းကန်ထဲက ပုစွန်တစ်ကောင် ထွက်လာပြီး စားပွဲပေါ်
လမ်းလျှောက်သွားသည်။ ပန်းကန်ကို ဖယ်လိုက်ပြီး မှာထားသည့် ဖားကြော်ကို
ဆက်စားသည်။ ဤတစ်ခါလည်း ဖားတစ်ကောင် ပန်းကန်ထဲမှ ခုန်ထွက်လာကာ စားပွဲပေါ်
လျှောက်သည်။ ယောက်ျားကြီး စားချင်စိတ် ကုန်သွားသည်။ စိတ်လည်း အကြီးအကျယ်
တိုသွားသည်။ သို့နှင့် မန်နေဂျာကို ခေါ်ပြီး ပြောသည်။
"ဘယ်လိုဟာလဲဗျ။ ပုစွန်က တွားသွားတယ်။ ဖားခုန်ထွက်တယ်။ ကျုပ် ပိုက်ဆံ
ပေးစားတာဗျ။ ဘာတွေ ကျွေးတာလဲ"
"လူကြီးမင်း ကံကောင်းတယ်မှတ်ပါ။ မနေ့ကသာ ကျွန်တော်တို့ဆီမှာ ငါးမန်းဟင်းချို
နဲ့
စပါးကြီးမြွေကြော်ပဲ ရမှာဗျ။ ကျွန်တော်တို့ကို ကျေးဇူးတင်စကားတောင်
ပြောသင့်တယ်။
ဟင်း"



*သတိရမိတယ်*

ကိုဘမောင် ကိုယ်စားလှယ် အဖွဲ့တစ်ခုနှင့် ပြစ်သစ်သို့ ရောက်သွားသည်။
အားချိန်အနည်းငယ်ရသည်နှင့် ပဲရစ်မြို့ကို လျှောက်လည်သည်။ တစ်နေရာတွင်
တစ်စုံတစ်ခုကို သတိရသည်နှင့် 'ထွီ ' ဟု တံတွေး ထွေးလိုက်သည်။ ပြစ်သစ်ရဲ
ချက်ချင်း
ရောက်လာပြီး ပြောသည်။
"ဒီနေရာမှာ တံတွေး မထွေးရပါဘူး။ ဒဏ်ငွေ ၂ဝဝ- ဆောင်ပါ"
သူတို့နိုင်ငံက စည်းကမ်းကို ဖောက်ဖျက်မိလျက်သား ဖြစ်နေပြီး ပိုက်ဆံကလည်း
သိပ်မများဟု ယူဆသဖြင့် ကိုဘမောင် အကြောက်အကန် မပြောတော့ပဲ ဒဏ်ငွေ
ဆောင်လိုက်သည်။ အိမ်သို့ ပြန်ရောက်သောအခါ ပြစ်သစ် အတွေ့အကြုံအကြောင်းကို
မိန်းမက မေးသည်။
"ပဲရစ်က လှတယ် မဟုတ်လား။ အီဖယ်မျှော်စင်ကိုကော ရောက်ခဲ့ရဲ့လား"
"အင်း"
"ကဖေးတွေ၊ စားသောက်ဆိုင်တွေ၊ အင်မတန် အဆင့်အတန်း မြင့်တယ်လို့ ကြားတယ်"
"အင်း"
"ပြစ်သစ်မတွေ သိပ်ချောတယ်ဆို"
"အင်း"
"ကိုဘမောင်။ ရှင် ကျွန်မကို တစ်ချက်လေးမှ သတိမရဘူးလားဟင်"
"သတိရတာပေါ့။ အဲဒါကြောင့် ပိုက်ဆံတောင် နှစ်ရာထွက်သွားတယ်"



*ကြောက်တယ်*

ပြဇာတ်သစ်တစ်ခုကို အထူးပွဲအဖြစ် တင်ဆက်ကပြသည်။
ပြဇာတ်ဒါရိုက်တာနှင့် ပြဇာတ်ရုံ မန်နေဂျာသည် စိတ်လှုပ်ရှားမှုဖြင့်
ဇာတ်ခုံနောက်နှင့်
ရုံရှေ့ကို သွားချည်လာချည် လုပ်နေကြသည်။ ပရိသတ်၏ တုံပြန်ချက် မည်သို့
ရှိမည်နည်းဆိုသည်ကို တွေးပူးနေကြသည်။ ပြဇာတ်စပြီး ၁၅- မိနစ်ပင် မကြာသေး။
လူတစ်ယောက် ရုံးထဲမှ ထွက်လာသည်။ ဒါရိုက်တာနှင့် မန်နေဂျာ ထိုသူ့ဆီ ပြေးသွားပြီး
ဝိုင်းမေးကြသည်။
"ဘာဖြစ်လို့ ထွက်လာတာလဲ၊ ဇာတ်လမ်းကို မကြိုက်လို့လားခင်ဗျာ"
"မဟုတ်ပါဘူး။ ဇာတ်လမ်းအစကို ကြည့်တာနဲ့ စိတ်ဝင်စားစရာပဲလို့ မှတ်ချက်ချပါတယ်"
"ဘာလဲ၊ ဇာတ်ဆောင်တွေ ကပြတာ မကောင်းလို့လား"
"မဟုတ်ပါဘူး၊ သရုပ်ဆောင်တာ မဆိုးကြပါဘူး"
"ဘာလဲ၊ ဇာတ်ဆောင်တွေ ဝတ်ထားတဲ့ အဝတ်အစား ဒါမှမဟုတ်
အခမ်းအနား ပြင်ဆင်ထားမှုကို သဘောမကျလို့လား"
"ဒီလိုလည်း မဟုတ်ပါဘူး"
"အဲဒါဆို ဘာဖြစ်လို့ ရုံထဲက ထွက်လာတာလဲဗျာ"
"ရုံထဲမှာ တစ်ယောက်တည်း ထိုင်ကြည့်နေရတာ ကြောက်လာလို့လေ။ *

*********************************************************************


မှားပါတယ်
တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း

သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက်ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့

လွဲ ချက်ကနာ
တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ် မှု ဖြင့် သေဒဏ် ပေး ရန် ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအား အချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။ ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)
အရာရှိ- "Ready",'Aim".
ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'

လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။
နောက် ကိုကြူအလှည့်
အရာရှိ-- 'Ready', 'Aim'
ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်းထွက်ပြေး လွတ်မြောက်သွားပြန် သည်။
နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'
ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire

တိုက်ဆိုင်လိုက်ပုံများ
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။
Back to top Go down
View user profile
 
ပြုံးပျော်ရွှင်စေဖို့ပါနော်...............
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL (CHIT CHAT) :: ဖိုရမ်ထဲရှိသီးသန့်အကြောင်းအရာမရှိသည့်ခေါင်းစဉ်များကိုဒီနေရာလေးမှာ တင်ပြဆွေးနွေးနိုင်ကြပါတယ်-
Jump to: