HomeCalendarFAQSearchMemberlistUsergroupsRegisterLog in

Share | 
 

 အခု တလော သောင်းကျန်းနေတဲ့ mgy.exe virus

View previous topic View next topic Go down 
AuthorMessage
kokyawko777



Posts: 51
Join date: 2010-03-26

PostSubject: အခု တလော သောင်းကျန်းနေတဲ့ mgy.exe virus   Tue Apr 06, 2010 10:32 am

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။
mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။
သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။
သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့
Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ http://sharebee.com/8ba187a4 တင်ပေးထားပါတယ်။
ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။
task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။

Comfirmations မှာ No confrimation ကိုရွေးပါမယ်။
အရိုးခေါင်းကို နှိပ်ကြည့်လိုက်ရင် windows မှာ run နေတဲ့ process တွေကို တွေ့ပါလိမ့်မယ်။

အနီနဲ့ ပြထားတာတွေကတော့ Mgy.exe နဲ့ သူ့ရဲ့ အနွယ်အပွားတွေဖြစ်ပါတယ်။
အဲဒီ process တွေကို လိုက် ကလစ်လိုက်ပါ။ List ထဲမှာ မပြတော့တဲ့အထိ (လိုအပ်ရင်) ထပ်ခါထပ်ခါ လိုက်ပိတ်ပါ။
အနီပြထားတဲ့ .exe တွေမရှိတော့ရင် iRepairman.exe ကို Run လိုက်ပါ။

Repair All Settings ကိုနှိပ်ပေးပါ။ Hidden ဖြစ်နေတဲ့ mgy.exe နဲ့ autorun.inf တွေပေါ်လာပါလိမ့်မယ်။ တကယ်လို့မရရင် foldersettings.reg ကို Run ပေးပါ။ ပြီးသွားရင် mgy.exe နဲ့ autorun.inf တွေကို လိုက်ဖျက်လိုက်ပါ။ C:\ , C:\Windows , C:\Windows\System32 နဲ့ အခြားသော Partation တွေမှာပါ လိုက်ဖျက်ပေးပါ။ ပြီးရင် address bar ကတဆင့် C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပြီး အဲဒီထဲက ဖိုင်တွေ အားလုံးဖျက်ပစ်ပါ။
သတိထားရမှာကတော့ ဒီနေရာမှာ C:\ , D:\ တို့ကို ၀င်တဲ့အခါ double click မသုံးမိဖို့ပါပဲ။ double click အစား Right click ကနေ Explorer ကို သုံးပေးပါ။

နောက်တဆင့် အနေနဲ့ CCleaner ကိုဖွင့်ပါ။ Tools > Startup ကိုသွားပါ။
အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။
Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ Local Security Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲ့ Create New Policies ကိုရွေးပေးပါ။


Enforcement ကို Double click ပေးပါ။ All users except local administrators ကိုရွေးပေးပါ။ ပြီးရင် Apply လုပ်လိုက်ပါ။ စက်ကို Restart လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။

အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။

MysteryZillion.org မှာလည်း mgy.exe ကို သတ်နည်း အရင် ရေးခဲ့ပါသေးတယ်။ ဒီပိုစ့်ကတော့ ပုံတွေနဲ့ သေချာရှင်းပြထားတာပါ။ အဆင်ပြေကြပါစေ။


ဒီကနေကူးယူထားတာပါခင်ဗျာ။ ကျေးဇူတင်ပါတယ် ခင်ဗျာ။
source:IT Menhttp://forcedcashgifts.com/?ref=sbsangpi
Back to top Go down
View user profile
 

အခု တလော သောင်းကျန်းနေတဲ့ mgy.exe virus

View previous topic View next topic Back to top 
Page 1 of 1

 Similar topics

-
» noob killer ...remover of virus in your YM
» Is it possible to write virus with java
» Pendrive Virus : jwgkvsq.vmx in RECYCLER
» NEW AND OLD RESEARCH ON HIV-AIDS VIRUS -
» Ini Dia Daftar IP Spammer & Penyebar Virus

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: GENERAL ( ကွန်ပျူတာနှင့် အိုင်တီ ) :: ANTIVIRUS နှင့်ပတ်သက်သမျှကိုဒီနေရာလေးမှာတင်ပြဆွေးနွေးမျှဝေနိုင်ပါတယ်။-