Batman
Posts: 1 Join date: 2010-03-25
 | Subject: CIA အားအသေခံဗုံးခွဲခဲ့သူက အလ်ကေဒါ ဗီဒီယိုတွင် အမေရိကန်တို့အားခြိမ်းခြောက်ခဲ့ Thu Mar 25, 2010 6:25 pm | |
|  "သေခြင်းတရားဟာမထင်မှတ်ဘဲ ခင်ဗျားတို့ဆီကိုရောက်တော့မယ်။ ဒါကိုကြည့်လိုက်စမ်း။ ဒါဟာလက်ပတ်နာရီမဟုတ်ဘူး။ ဒါဟာ ခင်ဗျားတို့ CIA ကိုသတ်မယ့်စနက်တံ။ ဒါဟာငါ့ရည်မှန်းချက်ပဲ။ ကျုပ်ဟာခင်ဗျားတို့ရဲ့ CIA နဲ့ ခင်ဗျားတို့ပါတနာဂျော်ဒန် အာဏာပိုင်များတွေကို သတ့်ရမယ်။" ဟူသောစကားအားပြောကြားခဲ့သူမှာ အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် CIA အေးဂျင့်ခုနှစ်ဦးနှင့် ဂျော်ဒန်အေးဂျင့်တစ်ဦးတို့ အားဒီဇင်ဘာလအတွင်းက အသေခံဗုံးဖောက်ခွဲခဲ့သူ နှစ်ဖက်သူလျှိုအလ်ဘာလာဝီပင်ဖြစ်သည်။ အလ်ကေဒါဝါဒဖြန့်ချီရေးမှ ထုတ်ပြန်လိုက်သောဗီဒီယိုတိပ်ခွေတွင် အလ်ဘာလာဝီသည် အသေခံဗုံးဖောက်ခွဲရန် ပြင်ဆင်မူများပြုလုပ်နေစဉ် အထက်ပါအတိုင်း အမေရိကန်နှင့်ဂျော်ဒန်အာဏာပိုင်များအား ကြေငြာခြင်းဖြစ်သည်။ |
|