HomeCalendarFAQSearchMemberlistUsergroupsRegisterLog in

Share | 
 

 ကုရ်အာန်ကျမ်းမြတ်နဲ့ ရစူတမန်တော်

View previous topic View next topic Go down 
AuthorMessage
kokyawko777



Posts : 51
Join date : 2010-03-26

PostSubject: ကုရ်အာန်ကျမ်းမြတ်နဲ့ ရစူတမန်တော်   Sat Mar 27, 2010 11:55 pm

အရှင်မြတ်က လူသားတွေကို လမ်းမှန်တရားတွေပေါ်လျှောက်လှမ်းစေနိုင်ဖို့အတွက် အကြောင်းခံနှစ်ခုကို ချိးမြှင့်တော်မူတယ်။
(၁)ကုရ်အာန်ကျမ်းတော်မြတ်
(၂)နဗီရစူလ်တမန်တော်တွေ ဖြစ်တယ်
ဒီနဗိရစူလ်တမန်တော်တွေက မိမိတို့အပေါ်ကျရောက်လာတဲ့ ကျမ်းမြတ်ကို လူအများလွယ်လင့်တကူ နားလည်စေနိုင်ဖို့ ရှင်းလင်းတင်ပြကြတယ်။လက်တွေ့လိုက်နာကျင့်သုံးမှုပုံစံတွေကို ပြသခဲ့ကြတယ်။

ထိုမှတပါး ငါအရှင်မြတ်သည် အသင့်ထံသို့လည်း ကျမ်းဂန်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။
ထိုသို့ချပေးတော်မူချင်းမှာ အသင်သည်လူသားတို့အား ထိုသူတို့ထံ ချပေးသနားတော်မူခြင်းခံရသော အမိန့်တော်မျာကို ထင်ရှားပြစေအံသော်ငှာ၎င်းထိုသူတို့သည် စဉ်းစားဆင်ခြင်ကြအံ့သောငှာ၎င်း ဖြစ်၏။(၁၆း၄၄)

ဆိုလိုတာက နဗိရစူလ်တွေကိုစေလွှတ်ခြင်းဟာ ထုပ်ပြန်ပို့ချတော်မူထားသော ကျမ်းဂန်လာအမိန့်တော် များကို
အဓိပါယ်ဖွင့်ဆိုရှင်းလင်းတင်ပြဖို့် အမိန့်တော်ကိုအကျယ်တ၀န့်တင်ပြဖို့ နဲ့လူသားတွေလက်တွေ့လိုက်နာကျင့်သုံးရာမှာ လွယ်ကူစေဖို့အတွက် လက်တွေ့ကျင့်သုံးပြရင်းနဲ့ လူသားတွေကိုလေ့ကျင့်သင်ကြားပေးဖို့ပဲဖြစ်တယ်။
ဒါနဲ့ပတ်သတ်ပြိး ကုရ်အာန်ကျမ်းတော်မှာဆက်လက်လာရှိတာက

အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများထံသို့ ထိုသူတို့၏(အမျိုးအစား)ထဲမှပင်
အကြင်ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူခြင်းအားဖြင့် မုချယင်းသူတို့အပေါ်(မဟာ)ကျေးဇူးတော်ကို ပြုတော်မူခဲ့ချေပြိ။
ထိုရစူတမန်တော်သည် ယင်းသူတို့ရှေ့မှေက်ဝယ် အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော်များကိုလည်း
ဖတ်ကြားပြသသည်။ထိုသူတို့အား(ပြစ်မှုအပေါင်းမှ)သန့်စင်အောင်လည်းပြုလုပ်ပေးသည်။
၎င်းအပြင် ယင်းသူတို့အား(အလ္လာဟ်အရှင်မြတ်၏)ကျမ်းဂန်တော်ကို၎င်း ထူးသောဥာဏ်မျှော်အမြင်ကို၎င်း
သွန်သင်ပြသသင်ကြားပေးသည်။(၃း၁၆၄)


လောကမှာ ဘယ်ပညာကမှ စာအုပ်ဖတ်ရုံနဲ့ တက်မြောက်ကျွမ်းကျင်နိုင်တဲ့ ပညာရှင်ဖြစ်နိုင်တယ် ဆိုတာမရှိပါဘူး။
ဥပမာ လောကမှာရိုးရာတိုင်းရင်းဆေးကျမ်းတွေ နောက်တိုင်းဆေးကျမ်းတွေဆိုတာ အမြောက်အမြားရှိပါတယ်။
လူတယောက်အိမ်မှာထိုင်ပြိး ဆေးကျမ်းတွေကို လေ့လာရုံနဲ့ဆရာဝန်တယောက်တော့ မဖြစ်နိုင်ဘူး။
ဆေးကုသပေးနေရင်လဲ အကြောင်တိုက်ဆိုင်လို့လူအနည်းအကျဉ်း အကျိုးခံစားရရင်လည်းနောက်ဆုံးတော့
သင်္ချိုင်းကုန်း လူစိစေဖို့ပဲဖြစ်မှာပါ။
ဆိုလိုချင်တာက ဘယ်ပညာရပ်မဆို အနီးကပ်လက်တွေ့ပြသပေးမဲ့ ဆရာမပါပဲနဲ့ ကျွမ်းကျင်တက်မြောက်ဖို့မလွယ်ဘူး။
ဒါကြောင့်လည်းအရှင်မြတ်က ကောင်းကင်ကျ ကျမ်းမြတ်တွေနဲ့အတူ နဗီရစူလ်တမန်တော်တွေကို စေလွှတ်တော်မူခဲ့ခြင်းဖြစ်တယ်။
တကယ်တော့အရှင်မြတ်က မိမိရဲ့ ကျမ်းကိုတိုက်ရိုက်ချပေးရင်လည်းရတာပဲ။
သို့သော်လူသားရဲ့ အားနည်းချက်ကြောင့် အဲ့ဒိကျမ်းမြတ်အပ်ါမှာ နာခံကျင့်သုံးဖို့ အရည်အချင်းဝင်လာမှာမဟုတ်ပါဘူး။
နောက်တခုက ကျမ်းတော်မြတ်တွေကို နားလည်သဘောပေါက်ဖို့အလွယ်တကူအမလ်လုပ်နိုင်ဖို့အတွက် နူရ်နှစ်ခုလိုတယ်။
တခုက ကောင်းကင်ကျကျမ်းရဲ့နုရ် နောက်တခုက နဗိရစူလ်ရဲ့ အာလင်မ်ရဲ့နူရ်ဖြစ်တယ်။
တကယ်လို့ အဲ့ဒိနှစ်ခုထဲက တခုခု ချို့ယွင်းနေရင်တော့ ဘာမှအကျိုးမှခံစားရမှာ မဟုတ်တော့ဘူး။
ဒိခောတ်မှာအဆိုးဆုံးသော ပထမအမှားအယွင်းကတော့ ကျွန်ုပ်တို့အဖို့ အလ္လာဟ်အရှင်မြတ်ရဲ့ ပြိးပြည့်စုံတဲ့
ကျမ်းတော်မြတ်ဟာ လုံလောက်ပါတယ်တဲ့ နောက်ထပ်ဘာမှမလိုတော့ပါဘူးတဲ့။
ကြားရတဲ့စကားကတော့ နားဝင်ချိုလှပါတယ်။အရှင်မြတ်အပေါ် ဒိလောက်ယုံပုံအားကိုးတာ ဂုဏ်ယူဖို့ကောင်းလှပါတယ်။
သို့သော်လည်း တဖတ်ကပြန်ပြိး စဉ်းစားကြည့်ပြန်တော့ အရှင်မြတ်ကစေလွှတ်တဲ့ နဗီတမန်တော်တွေကို
သွယ်ဝိုက်ပြိး ငြင်းပယ်လိုက်တာပါပဲ။တနည်းအားဖြင့်တော့ အရှင်မြတ်ရဲ့အမိန့်တော် အားလုံးကိုတော့လက်မခံနိုင်ပါဘူး
ကျွန်တော်တို့ကြိုက်တာတွေပဲရွေးပြိးတော့ နာခံပါ့မယ်လို့ကြေညာလိုက်တာပါပဲ။
ဒါဟာလမ်းမှားချွတ်ချော်မူ့ရဲ့ချောက်တခုတည်းကို ကျရောက်ပျက်စိးသွာခြင်းဖြစ်ပါတယ်။
ဒီခောတ်လူတွေရဲ့ ဒုတိယအမှားကတော့ အချို့ကဆိုကြတယ် ကျွန်တော်တို့ကတော့ နဗိရစူလ်အပေါ်မှာ ယုံပုံအားကိုးပြိး
အနော်အတာ ခံလိုက်ပြိးတဲ့နောက် နောက်ထပ်တော့ဘာမှမလိုဘူး လို့ဆိုကြပြန်တယ်။
ဒါဟာလည်းမှားတယ်။ပုဂ္ဂိုလ်စွဲအမှားဖြစ်တယ်။ အဲ့ဒိကနေရောဂါရင့်လာတဲ့အခါ ပုဂ္ဂိုလ်ရေးကိုးကွယ်ယုံကြည်မှု့
အဆင့်ထိရောက်လာတယ်။ကောင်းကင်ကှကျမ်းက ဘာကိုဆိုလိုတယ်ဆိုတာကို မကြည့်တော့ဘူး။
အမှန်တော့က ဒိလိုအစွန်းနှစ်ဖက် မထွက်ရဘူး။ အလယ်အလတ်လမ်း ကိုပဲလိုက်ရမယ်။
ဆိုလိုတာက ကောင်းကင်ကျကျမ်းကိုလည်းကိုင်ထား နောက်တဖတ်ကနဗိရစူလ်တမန်တော်တွေကိုလည်း
ကိုင်ထားပါ။ဒိကျမ်းကိုနဗိ၇စူလ်တွေ သွန်သင်လေ့ကျင့်ပြသတဲ့ ပုံစံအတိုင်းနာခံကျင့်သုံးရင်
မုချဟေဒါယသ် လမ်းမှန်တရားကိုေ၇ာက်မယ်။
ဒိနေရာမှာတတိယမြောက် လမ်းမှားလိုက်တဲ့ အုပ်စုတခုရှိသေးတယ်။အဲ့ဒါကတော့ မိမိရဲ့ဥိးနှောက်ရဲ့စဉ်းစားတွေးခေါ်
ဥာဏ်ပညာကို လုံးဝအားကိုးတဲ့ အုပ်စု တနည်းအားဖြင့်မိမိကိုမိမိ ကိုးကွယ်တဲ့အုပ်စုဖြစ်တယ်။
သူတို့ကဘာသာရေးစာအုပ်စာတမ်းတွေကို မိမိဆန္ဒအလျှောက် ဖတ်မှတ်လေ့လာတယ်။
မိမိသဘောဆန္ဒနဲ့ မိမိတွေးခေါ်ဆင်ခြင်သုံးသပ်တယ်။
ပြိးတဲ့နောက်ပြောကြတယ်......အိမာမ်အဘူဟနိဖွာလည်းလူပဲ......ငါလည်းလူပဲ....
သူလုပ်သလိုငါလည်းလုပ်နိုင်တယ် ဆိုပြိးကုရ်အာန်နဲ့ဟဒိစ်ကို မိမိသဘောနဲ့မိမိဝေဖန်စမ်းစစ်သုံးသပ်ကြတယ်။
အပေါ်ယံကြည့်ရင်တော့ အဲ့ဒိလူတွေက မဟာဥာဏ်ကြိးရှင်တွေပဲလို့ ထင်ရပေမဲ့
အတွင်းအနှစ်သာရကတော့ ဒိလူတွေဟာ ဦးနှောက်ပိုင်းအရ ဘာသာပျက်နေတဲ့သူတွေဖြစ်တယ်။
ပမာအားဖြင့်ဆရာဝန်လည်းလူပဲ ငါလည်းလူပဲဆိုပြိး သူလုပ်သလိုငါလည်းလုပ်မယ်ဆိုပြိး
ဆရာဝန်ကခွဲစိတ်ခန်းဝင် ဓါးကိုင်ပြိးလူနာတစ်ယောက်ကိုခွဲစိတ်သလို ဒိဥာဏ်ကြိးရှင်တွေက ဓါးကိုင်ပြိးခွဲကြည့်ပါ့လား။
ဆရာဝန်ခွဲတာကလူနာသက်သာပေမဲ့ ဒိလူတွေခွဲစိတ်တာတော့ လူနာသေဖို့အကြောင်းခံဖြစ်တယ်။
ဆရာမရှိပဲ စာအုပ်ဖတ်ပြိးဓါးကိုင်တာက လူမိုက်အလုပ်ဖြစ်တယ်။
အရျင်မြတ်ကျွန်တော်တို့ အားလုံးကိုအသ်ဥာဏ်ပညာတွေအပေါ်မှာ မှန်ကန်တဲ့ နည်းလမ်းပုံစံတွေနဲ့
အပြည့်အ၀သင်ယူပြိးတော့ လိုက်နာကျင့်သုံးနိုင်စွမ်း ချီးမြှင့်တော်မူပါ့စေ။

မော်လနာမုဖ်သီသကီး ဟောကြားတဲ့ အိဆ်ွလာဟိးခွသ်ဗားသ်မှ ကောက်နုတ်တင်ပြသည်။
Back to top Go down
View user profile
 
ကုရ်အာန်ကျမ်းမြတ်နဲ့ ရစူတမန်တော်
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: RELEGION (`အစ္စလမ်ဘာသာသီးသန့်) :: (ဟဒီးဆ်) တော်နှင့်ပတ်သက်သမျှကို ဒီနေရာလေးမှာတင်ပြဆွေးနွေးနိုင်ပါတယ်။-
Jump to: