hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: ကမ္ဘာ့သတင်းများ Mon Apr 26, 2010 2:55 pm | |
| တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် သုံးဦး သေဆုံး Monday, April 26, 2010 8:00 PM
တရုတ်နိုင်ငံ အနောက်မြောက်ဘက်ပိုင်းတွင် သဲမုန်တိုင်းကျရောက်သဖြင့် လူသုံးဦး သေဆုံး၊ တစ်ဦးပျောက်ဆုံးလျက်ရှိပြီး ပတ်ဝန်းကျင် တစ်ခု လုံး လုံးဝ ပိန်းပိတ်မှောင်လျက် ရှိနေသည်။ ရာသီဥတုသည် အေးမြလျက်ရှိပြီး သဲမုန်တိုင်းသည် တနင်္လာနေ့အထိ ဆက်လက် ဖြစ်တည် နေဦး မည်ဟု ယူဆရသည်။ သဲမုန်တိုင်းသည် ပူပြင်းခြောက်သွေ့သော တရုတ်နိုင်ငံ မြောက်ပိုင်းသို့ နှစ်စဉ် နွေဦးတွင် တိုက်ခတ်မြဲ ဖြစ်သည်။ သဲမိုး တိမ်ကြီးသည် တရုတ်ပြည်မှ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံ တို့အထိအပြင် အမေရိကန်နိုင်ငံအထိ ခြေဆန့်နိုင်ဖွယ်ရှိသည်ဟု သိရသည်။ သစ်တော ပြုန်းတီးခြင်း၊ မိုးခေါင်ခြင်း၊ တိရစ္ဆာန်များ နည်းပါးလာခြင်းနှင့် ကန္တရဧရိယာ တိုးပွားလာခြင်းတို့ကြောင့် သဲမုန်တိုင်းများ ဖြစ်ပေါ်လာရ သည်ဟု သိပ္ပံပညာရှင်များက ပြစ်တင် ပြောဆိုသည်။ (အေအက်ဖ်ပီ) |
|
hapmalaysia

Posts: 146 Join date: 2010-03-26 Age: 35 Location: မလေးရှား
 | Subject: Re: ကမ္ဘာ့သတင်းများ Mon Apr 26, 2010 2:55 pm | |
| ဖိလစ်ပိုင်နိုင်ငံ ပျံကျဒေသတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား Monday, April 26, 2010 8:00 PM
ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၊ ဆင်ဖြေဖုန်းဒေသရှိ ပျံကျနေရာတစ်ခုတွင် မီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားရာ နေအိမ်ပေါင်း ၆၀၀ ကျော်ပြာကျခဲ့ပြီး လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ခဲ့ရသည်။ သေဆုံးပျက်စီးမှု သတင်းကို အတိအကျ မရသေးပေ။ မီးခိုးများဖြင့် ပိန်းပိတ်နေ သောကြောင့် အခင်းဖြစ်ရာ ဒေသတွင်းသို့ တိုးဝင်ရန် မလွယ်ကူလှချေ။ မီးသည် နေ့ခင်းမှစတင်၍ ညဘက်အထိ လောင်ကျွမ်းနေခြင်း ဖြစ်သဖြင့် အဓိက လမ်းမကြီးများသည် မီးသတ်ကားများကြောင့် ပိတ်သွားခဲ့ရသည်။ မည်သည့် အကြောင်းကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ရသည်ကို မသိရ သေးပေ။ မနီလာမြို့ရှိ ဆင်ခြေဖုန်းဒေသတွင် အိမ်များသည် သစ်သားများနှင့် ဆောက်လုပ်ထားပြီး တစ်အိမ်နှင့်တစ်အိမ် အလွန်နီးကပ်စွာ တည်ရှိ နေသောကြောင့် မီးလောင်ကျွမ်းရန် အလွန်လွယ်ကူပေသည်။ (အေအက်ဖ်ပီ) |
|