HomeCalendarFAQSearchMemberlistUsergroupsRegisterLog in

Share | 
 

  စုန်ရေ၊ဆန်ရေ

View previous topic View next topic Go down 
AuthorMessage
kokyawko777



Posts : 51
Join date : 2010-03-26

PostSubject: စုန်ရေ၊ဆန်ရေ   Sat Mar 05, 2011 12:02 am

စုန်ရေ၊ဆန်ရေ

ဘ၀ရဲ့ဆည်းဆာချိန် ရောက်ရှိလာတဲ့ အဖိုးအိုတဥိးဟာ သူ့ရဲ့သား၊ချွေးမနဲ့အတူ လေးနှစ်သားအရွယ်ရှိတဲ့ သူ့မြေးလေးနဲ့ အတူတကွနေထိုင်ဖို့ရောက်ရှိလာတယ်။ အဖိုးအိုဟာ အသက်အရွယ်အိုမင်းလာပြိဖြစ်လို့ လက်တွေကလည်း ကတုန်ကရင် မျက်စိကလည်းမွဲပြာပြာ ခြေလှမ်းတွေကလည်း ယိုင်တိုင်တိုင်နဲ့ ဖြစ်လာတော့တာပေါ့။

ဒီမိသားစုတွေက ထမင်းစားချိန်တွေဆိုရင် စားပွဲမှာထိုင်ပြိး လက်ဆုံစားလေ့ရှိတယ်။ ဒါပေမဲ့ အဖိုးအိုရဲ့ တုန်ယင်နေတဲ့လက်တွေ မွဲပြာနေတဲ့မျက်လုံးတွေကြောင့် အခုဆိုရင် ထမင်းစားချိန်မှာဖိတ်စင်ပြိး ကသိကအောက် ဖြစ်နေကြတယ်။ အဘိုးအိုရဲ့ဇွန်းထဲက ဟင်းတွေဖိတ်ကျနေတာကလည်း မကြာခဏဆိုသလိုပါပဲ။

လက်ကမမြဲလို့ခွတ်ထဲကနို့တွေ စားပွဲခင်းပေါ်မှောက်ကျ တာကလည်းအကြိမ်ကြိမ်ပေါ့။ ဒိလိုနဲ့ကြာလာတော့ သားနဲ့ချွေးမကလည်း စိတ်ငြိုငြင်လာကြတယ်။

“ငါတို့ အဖေအတွက် တခုခုစီစဉ်မှ ဖြစ်တော့မယ် ကြမ်းပြင်ပေါ်ကဟင်းတွေ စားပွဲခင်းပေါ်က နို့တွေနဲ့ ထမင်းသိုင်းမှာဆူညံသံတွေကို ထပ်ပြိးမကြားချင်တော့ဘူး” လို့သားကပြောတယ်။

ဒါနဲ့ပဲသားနဲ့ ချွေးမနဲ့က အခန်းထောင့်မှာစားပွဲငယ်လေး တခုကိုစိစဉ်လိုက်ကြတယ်။ အခုတော့ထမင်းစားချိန်ဆို အဘိုးအိုက

အခန်းရဲ့ထောင့်လေးမှာ တယောက်ထဲခြောက်ကပ်စွာ စားရတော့တာပေါ့။ ပြိးတော့အဖိုးအိုရဲ့ မခိုင်မြဲတဲ့လက်တွေကြောင့် ပန်းကန်ပြားတွေ မကြာခဏကျကွဲခဲ့တာကြောင့် အခုဆိုရင်သစ်သားပန်ကန်ပြားလေးနဲ့ပဲ စားနေရတာပေါ့။

တခါတရံ မိသားစုလေးက အဖိုးအိုကို လှည့်ကြည့်မိရင် အဖိုးအိုရဲ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝေ့သီနေတာကို မြင်ကြရတယ်။ ဒါပေမဲ့ တယောက်မှ ဘာမှမပြောကြဘူးပေါ့။ အဲ…………..အဖိုးအိုများ ဟင်တွေဖိတ်ရင်ဖြစ်ဖြစ် ဇွန်းလွတ်ကျရင်ဖြစ်ဖြစ် အော်ငေါက် ပြောဆိုကြတယ်။ လေးနှစ်အရွယ်ရှိတဲ့ မြေးလေးကတော့ ဘာမှမပြောပဲကြည့်နေတာပေါ့ကွယ်။

ဒီလိုနဲ့ တနေ့တော့ ညစာမစားခင်မှာ လေးနှစ်သားလေးက ကြမ်းပြင်ပေါ်မှာထိုင်ပြိးတော့ သစ်သားအတိုအစ လေးတွေနဲပကစားနေသတဲ့။ ဒါကိုမြင်တော့ ဖခင်ကသားလေးကို “ဘာတွေလုပ်နေတာလည်းသား” လို့မေးလိုက်တယ်။ သားကလည်းချစ်ဖွယ်အမူအရာနဲ့ “ဖိုးဖိုးလိုပဲ ဖေဖေတို့မေမေတို့ အသက်ကြိးလာရင် ထမင်းကျွေးဖို့ သားက သစ်သားပန်ကန်တွေ လုပ်နေတာပါ ဖေဖေ” လို့ပြန်ပြောပြတယ်။

ကလေးငယ်ရဲ့စကားက ဖေဖေနဲ့မေမေရဲ့ရင်ထဲကို ရိုက်ခတ်သွားလို့ သူတို့လည်းဘာပြန်ပြောရမှန်းတောင်မသိကြတော့ဘူး။ မျက်ရည်တွေလည်း သူတို့ရဲ့ ပါးပြင်ပေါ်ကိုကျစင်းလာတော့တာပေါ့။ သူတို့လည်း ပါးစပ်ကဘာမှမပြောပေမဲ့ သူတို့ဘာလုပ်ရတော့မယ်ဆိုတာကို နားလည်သွားတော့တယ်။

ညစာစားချိန်ကျတော့ အဖိုးအိုရဲ့လက်ကို သားဖြစ်သူကညင်သာစွာစွဲကိုင်ပြိး မိသားစုထမင်းစားပွဲဆီကို တွဲခေါ်လာတော့တယ်။ အဲ့ဒီ အချိန်ကစပြိးတော့ အဖိုးအိုလည်း ကွယ်လွန်တဲ့အချိန်ထိ မိသားစုထမင်းဝိုင်းမှာပဲ လက်ဆုံစားခွင့်ရသွားသတဲ့။ သားနဲပချွေးမကလည်း အရင်ကလို ဆူပူအော်ငြောက်တာတွေမလုပ်ကြတော့ဘူးပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲကွယ် ……………
Back to top Go down
View user profile
 
စုန်ရေ၊ဆန်ရေ
View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
HAPMALAYSIA CYBER FORUM :: HAPMALAYSIA CYBER FORUM :: FUN & ENTERTAINMENT(စာအုပ်စာပေများ) :: အွန်လိုင်းပေါ်ရှိ ဘလော့စာစုများကို ဒီနေရာမှာတင်ပြနိုင်ကြပါတယ်။-
Jump to: